
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဒိန်ကောက်ကျေးရွာအနီးမှာ စက်တင်ဘာ ၂၉ ရက် မနက် ၁၀ နာရီ ၀န်းကျင်လောက် ကေအိုင်အေ တပ်မဟာ-၂ လက်အောက်ခံ တပ်ရင်း ၄၃ နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၂၀ ကျော် ကျဆုံးခဲ့တယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက အတည်ပြု ပြောပါတယ်။
“ဒီနေ့မနက်ပိုင်း ၁၀ နာရီ၀န်းကျင်က စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က ၂၀ ကျော်ကျဆုံးသွားတယ်။”
ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ အကျအဆုံးများတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။