DVB Logo
Home
မြန်မာသတင်း
သံတိုသံစ ရောင်းဝယ်သူဟန်ဆောင် ဒလန်များကို 27 Revolution Forces က သတိပေး
DVB
·
September 29, 2021
သံတိုသံစ ရောင်းဝယ်သူဟန်ဆောင် ဒလန်များကို 27 Revolution Forces က သတိပေး
Donate to DVB

မြင်းခြံမြို့နယ်တွင် သံတို၊ သံစ၊ ဆံပင်ကျွတ်ရောင်းဝယ်သမား တွေ့ရှိပါက စကစသတင်းပေးအဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းခံရမယ်လို့ 27 Revolution Forces က စက်တင်ဘာ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြင်းခြံမြို့နယ်အတွင်း သတင်းယူ ထောက်လှမ်းနိုင်ဖို့ လက်တလော ရပ်ကွက် ကျေးရွာတွေကို သံတိုသံစ ရောင်းဝယ်သမားလိုလို ဆံပင်ကျွတ်ရောင်းဝယ်သမားလိုလို အသွင်မျိုးစုံယူ စေခိုင်း/လှုပ်ရှားပြီး သတင်းပေး သတင်းယူ လုပ်ဆောင်နေတာ တွေ့မြင်ရတာကြောင့် အခုလို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

အစစ်အမှန် အသက်မွေးဝမ်းကျောင်းပြုသူ သံတို သံစ ‌ဆံပင်ကျွတ်သည်များပါ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အောက်တိုဘာ ၂ ရက်နောက်ပိုင်း သံတိုသံစ ရောင်းဝယ်သူ၊ ဆံပင်ကျွတ် ရောင်းဝယ်သူတွေကို ရပ်ကွက် ကျေးရွာတွေမှာ တွေ့ရှိပါက ဒလန်၊ စကစ သတင်းပေး သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013