DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အထောက်အထားမဲ့နေထိုင်သူများကို လက်မှတ်လုပ်ပေးရန် ထိုင်းဝန်ကြီးများအဖွဲ့ သဘောတူ
DVB
·
September 29, 2021
ထိုင်းတွင် အထောက်အထားမဲ့နေထိုင်သူများကို လက်မှတ်လုပ်ပေးရန် ထိုင်းဝန်ကြီးများအဖွဲ့ သဘောတူ
Donate to DVB

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံကရွှေ့ပြောင်းအလုပ်သမားတွေကို နေထိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးဖို့ စက်တင်ဘာ ၂၈ ရက် ထိုင်းအစိုးရဝန်ကြီးများအစည်းအဝေးက သဘောတူဆုံးဖြတ်လိုက်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားနေဆဲဖြစ်ပြီး သက်ဆိုင်ရာက နယ်မြေထဲ ကွင်းဆင်းကြည့်ရှုချက်အရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အစုလိုက်အပြုံလိုက် စုဝေး နေထိုင်တာတွေရှိနေလို့ ရောဂါပြန့်ပွားမှုအတွက် စိုးရိမ်ရကြောင်း၊ လူတိုင်းကို ရောဂါစစ်ဆေး နိုင်ဖို့အတွက်ရော၊  အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ တရားမဝင်နေထိုင်နေတဲ့အလုပ်သမားတွေကို အထောက်အထားထုတ်ပေးဖို့ လိုအပ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်က အစည်းအဝေးမှာ ပြောပါတယ်။

ဒါကြောင့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထားတွေ ဆောင်ရွက်ပေးဖို့ ထိုင်းဝန်ကြီးများအစည်းအဝေးက  သဘောတူဆုံးဖြတ်ခဲ့ကြောင်း ထိုင်းဝန်ကြီးများရုံး ဒုပြောရေးဆိုခွင့်ရှိသူ နန်းဆောင် ရတ်ချ်ဒါး ထနားဒီးရိတ်က  သတင်းစာရှင်းလင်းခဲ့ပါတယ်။ 

အဆိုပါသဘောတူညီချက်အရ အထောက်အထားဆောင်ရွက်ပေးမယ့် ရွှေ့ပြောင်းလုပ်သားတွေကို အုပ်စု နှစ်စု ခွဲထားကြောင်း၊ အုပ်စု (၁) မှာ လုံးဝအထောက်အထားမလုပ်ရသေးတဲ့သူတွေနဲ့ အုပ်စု (၂)ကတော့ မနှစ်ဒီဇင်ဘာလ ထုတ်ပြန်ခွင့်ပြုချက်အရ အထောက်အထား လုပ်ခွင့်မှတ်ပုံတင်ထ ထားပြီး  မပြီးပြတ်သေးသူတွေကို ဆက်လုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အုပ်စု (၁) တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့အလုပ်သမားတွေကို  တရားဝင်လုပ်သားအဖြစ် ဆောင်ရွက်ဖို့အတွက်  လမ်းညွှန်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

(၁) ခွင့်ပြုချက်ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာအလုပ်ရှင်က အထောက်အထားမဲ့ မိမိအလုပ်သမားများအား မှတ်ပုံတင်ပေးရန်၊  အထောက်အထားရပြီးက ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ နေထိုင်ခွင့်ရှိသည်။ 

(၂)  အလုပ်လုပ်ခွင့်ရပြီးက ၂၀၂၂ မတ်လ ၃၁ ရက်နေ့ အတောအတွင်း လူမှုဖူလှုံရေးကတ် သို့မဟုတ် ကျန်းမာရေးအာမခံကတ် လုပ်ဆောင်ရန် တားမြစ်ထားသောရောဂါများစစ်ဆေးရန်၊ ကိုယ်ရေးမှတ်တမ်းများဆောင်ရွက်ရန်၊ သတ်မှတ်ထားသောအချိန်တွင်း မပြီးစီးက ထိုင်းနိုင်ငံ တွင်း နေထိုင်ခွင့် ကုန်ဆုံးမည်။ 

(၃) လူမှုဖူလှုံရေးကတ် ( သို့ ) ကျန်းမာရေးကတ်နှင့် ကိုယ်ရေးမှတ်တမ်းသွင်းပြီးပါက ထိုင်းနိုင်ငံတွင် ၂၀၂၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ နေထိုင်ရရေးအတွက် ခွင့်ပြုချက်တောင်းခံတဲ့ ကိစ္စတွေကို ၂၀၂၂ ဩဂုတ်လ ၁ ရက်နေ့အတွင်း အပြီးဆောင်ရွက်ရန်။   

အုပ်စု (၂) မှ ရွှေ့ပြောင်းလုပ်သားများမှာ ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာ ၂၉ ထုတ်ပြန် ကြေညာချက် အရ မှတ်ပုံတင်ခွင့်ရထားပြီး အလုပ်သမားကတ်ကို ၂၀၂၁ စက်တင်ဘာ ၁၃ ရက်နေ့အတွင်းအပြီးဆောင်ရွက်ခဲ့သူ၊ ထိုသူတို့မှာ ၂၀၂၂ မတ်လ ၃၁ ရက်ထိ နေထိုင်ခွင့်ရထားသည်။  

သို့သော်လည်း ၄င်းတို့အနေဖြင့် ၂၀၂၃ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ ဆက်လက်နေထိုင် လိုပါက ၂၀၂၁ အောက်တိုဘာ ၁၈ ရက်နေ့အတွင်း ကျန်းမာရေးပြန်လည်စစ်ဆေးရန်၊ ၂၀၂၂ မတ်လ ၃၁ ရက်အတွင်း ကိုယ်ရေးမှတ်တမ်း အပ်ဒိတ်ပြန်လုပ်ရန် စတဲ့လမ်းညွှန်ချက်တွေ ပါဝင်ပါတယ်။ 

အလုပ်ရှင်/အလုပ်သမားတွေအနေနဲ့ နောက်ထပ်သိလိုတဲ့ အချက်အလက်တွေရှိပါက ဘန်ကောက် နယ်မြေ ၁ မှ ၁၀ အလုပ်သမားစီမံခန့်ခွဲရေးရုံး သို့မဟုတ် သက်ဆိုင်ရာ ခရိုင် အလုပ်သမားစီမံခန့်ခွဲရုံးတွေမှာ သွားရောက်စုံစမ်းမေးမြန်းနိုင်သလို အလုပ်သမားအရေးပေါ်လိုင်း ဖုံး - ၁၅၀၆ လိုင်းခွဲ ၂ သို့မဟုတ် ဖုံးနံပါတ် ၁၆၉၄ ကိုလည်း ကမ္ဘောဒီးယား၊ မြန်မာ၊ အင်္ဂလိပ်ဘာသာစကားတွေနဲ့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။ 

ကိုးကား- Matichon 

ကိုးကား - 

https://www.matichon.co.th/  ( မဒီချွန်း ထိုင်းသတင်း ) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013