DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်လုပ်ငန်းများ၌ EAOအချို့ ပါဝင်ပတ်သက်နေဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
DVB
·
September 29, 2021
အကြမ်းဖက်လုပ်ငန်းများ၌ EAOအချို့ ပါဝင်ပတ်သက်နေဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
Donate to DVB

အကြမ်းဖက်လုပ်ငန်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင် EAO တချို့ ပါဝင်ပတ်သက်မှု ရှိနေပေမဲ့ EAO အများစုကတော့ လက်မခံဘူးလို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်လိုအကြမ်းဖက်လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေတယ်ဆိုတာကိုတော့ စစ်ခေါင်းဆောင်က  အသေးစိတ်ပြောဆိုသွားတာ မရှိပါဘူး။ 

စက်တင်ဘာ ၂၈ ရက်က   နေပြည်တော်မှာကျင်းပတဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ 

“အကြမ်းဖက်လုပ်ငန်းများ၌အချို့ EAO များ ပါဝင်ပတ်သက် နေမှုရှိနေသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်အောင် တတ်နိုင်သမျှထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့်ပြည်သူများ၏ လွတ်လပ်ခွင့်ကိုလည်း မထိခိုက်ရန်လိုကြောင်း။” စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာနဲ့ ဆက်ဆံဆောင်ရွက်တဲ့အခါမှာ မိမိတို့နိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီဖို့နဲ့ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှုရှိဖို့လိုကြောင်း၊  လိုအပ်တဲ့ နည်းဥပဒေတွေ၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လက်ရှိပကတိအခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ လိုကြောင်း၊ လွယ်ကူရှင်းလင်းတဲ့ စီမံခန့်ခွဲမှုစနစ်နဲ့ အုပ်ချုပ် မှုစနစ်ဖြစ်ရန်လိုကြောင်း၊ ဒါမှသာ Good Governance စနစ်ကို ဖော်ဆောင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနတွေ အချင်းချင်းပူးပေါင်းဆောင်ရွက်ရာမှာ ပေါင်းစပ်ဆောင်ရွက်မှုတွေ အားနည်းတာကို တွေ့ရှိရကြောင်း၊ လုပ်ငန်းတွေ ဆောင်ရွက်နေသူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ ဥပဒေတွေကိုသိရှိအောင် လေ့လာထားမှသာ လုပ်နိုင်စွမ်း တိုးတက်လာမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

မော်တော်ဆိုင်ကယ်တွေ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲဖို့၊ မြို့မြေတွေတိုးချဲ့ ဖော်ဆောင်ရာမှာ နောင်အနာဂတ်ကာလအထိ စဉ်းစားဆောင်ရွက်ကြဖို့၊ မဖြစ်မနေလိုအပ်တဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ အားကစားကွင်းတွေထည့်သွင်း တည်ဆောက်တာနဲ့ မြို့သာယာလှပရေးအတွက် လမ်းနယ်နိမိတ်တွေ၊ အရိပ်ရလေကာပင်တွေ စိုက်ပျိုးတာကို စနစ်တကျ ထည့်သွင်း တည်ဆောက်ဖို့ လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013