DVB Logo
Home
Lead Story
NSPNC ၊ EAO တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြာရေးဝန်ကြီးပြော
DVB
·
July 13, 2026
Photo: MOFA-Thailand
Photo: MOFA-Thailand
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် (EAO) အဖွဲ့တွေနဲ့ရော  မြန်မာစစ်အာဏာရှင်လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ပါ  သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မာရီယာ ထရီဆာ လာဇာရိုက သူ့ရဲ့ X လူမှုကွန်ယက်ပေါ်မှာ ဇူလိုင် ၁၃ ရက်က ရေးသားထားတာ ဖြစ်ပါတယ်။

လာဇာရိုက “မနေ့က နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီးနောက်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက် နဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်မှာ မြန်မာနိုင်ငံက တိုင်းရင်းသာ းလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အလွတ်သဘောအစည်းအဝေးတခုကို ခေါ်ယူကျင်းပခဲ့ပါတယ်”လို့ ရေးသား ထားတာပါ။

မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့နဲ့ လူသားစာနာအကူအညီတွေပေးဖို့ အာဆီယံအနေနဲ့ ဘယ်လို ကူညီနိုင်မယ်ဆိုတဲ့ အချက်တွေအပေါ် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

သတင်းရင်းမြစ် တချို့ကတော့ EAO အစုအဖွဲ့ဘက်က KNU, KNPP, CNF, RCSS နဲ့ NMSP တို့ပါဝင်တယ်လို့ သိရပါတယ်။

ဒါအပြင် စစ်အာဏာရှင်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ NSPNC နဲ့လည်း တွေ့ဆုံခဲ့ပြီး အမြင်ချင်း ဖလှယ်ခဲ့တယ်လို့ ဆိုပါတယ်။ NSPNC ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဦးလှမောင်ရွှေတို့ ပါဝင်တယ်လို့ ကနဦးသိရပါတယ်။

အခုလို ထိုင်းနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက  သီးခြားဆီ ခေါ်ယူတွေ့ဆုံတဲ့အပေါ် EAO တချို့ ကိုရော၊  NSPNC အဖွဲ့ဝင်တချို့ကိုပါ DVB က စာပေးပို့မေးမြန်းပေမဲ့ သတင်းရေးသားချိန်ထိ ပြန်ဖြေခဲ့တာမရှိပါဘူး။

ဒီတွေ့ဆုံမှု ၂ ခုလုံးမှာ မြန်မာကိုယ်တိုင် ဦးဆောင်ပြီး ရေရှည်တည်တံ့၊ ငြိမ်းချမ်းတဲ့ အဖြေတခုရှာနိုင်ရေး အာဆီယံက အပြုသဘောဆောင်တဲ့ ကဏ္ဍက ကနေပါဝင်ဖို့ အသင့်ရှိကြောင်းပြောခဲ့တယ်လို့ လာဇာရိုက ရေးသားထားပါတယ်။ 

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး တချို့ဟာ ဇူလိုင် ၁၂ ရက်ကလည်း ဘန်ကောက်မြို့မှာ  စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အလွတ်သဘော တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013