DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေအတွင်း စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်
DVB
·
September 28, 2021
ကေအန်ယူနယ်မြေအတွင်း စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်
Donate to DVB

စစ်ရေးလှုပ်ရှားမှုတွေရပ်စဲကြောင်း စစ်ကောင်စီက တဖက်မှာ ကြေညာထားပြီး တခြားတဖက်မှာတော့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ၊ ကေအန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲကို  စစ်ကောင်စီတပ်  အင်းအား ၂၀၀ နီးပါးနဲ့ ကျူးကျော်ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်။

ကေအန်ယူ တပ်မဟာ ၃ ၊ လက်အောက်ခံ တပ်ရင်း ၈ ကို မုန်းဒေသအခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၅၉၉ က ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တချို့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပူးပေါင်းလိုက်တဲ့ သတင်းတွေကြောင့် လူအင်အားဖြည့်တင်းပြီး ဝင်ရောက်လာတာလို့ ကေအန်ယူ တပ်မဟာ  ၃၊  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မုန်းဒေသအခြေစိုက် ၅၉၉ တပ်ရင်းက ဗိုလ်ကြီးနဲ့ စစ်သားတွေ  သွားခိုလှုံလိုက်တယ်ဆိုတဲ့ သတင်းတွေတွေကြောင့် တပ်ရင်း ၈ ဘက်ကို  ပစ်မှတ်ထားပြီး အင်းအားတိုးချဲ့တာဖြစ်နိုင်သလို တပ်ဖွဲ့အင်အားဆယ်ဂဏန်းသာရှိတဲ့ ကြောင်ပြာတပ်စခန်းကို  ဝင်ရောက်လာတာဟာ ပုံမှန်မဟုတ်တဲ့ စစ်ရေးလှုပ်ရှားမှု မဟုတ်ဘူးလို့ ကေအန်ယူ တာဝန်ရှိသူက  ဆိုပါတယ်။

"ပူးပေါင်းတယ်ဆိုတဲ့သတင်းတွေကြောင့် တပ်စခန်းကို အင်အားတိုးပြီး လှုပ်ရှားလာတာ ပုံမှန်မဟုတ်ဘူး။ နောက်ဆက်တွဲ သေချာမသိရသေးဘူး"လို့ ပဲခူးတိုင်း ဂျေအန်စီ တာဝန်ရှိသူက ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်တာအတွင်း ကေအန်ယူ တပ်မဟာ ၃  တပ်ရင်း ၉ နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေများတဲ့အတွက် စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ  ပြန်လည်ဆုတ်ခွာသွားတယ်လို့  ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းထိုးစစ်ဆင်နေပြီး ပြည်သူလူထုကိုလိုက်လံဖမ်းဆီးပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်က     စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်  ရပ်စဲလိုက်ကြောင်း စက်တင်ဘာ ၂၇ ရက် မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013