
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံရတဲ့ ဗကသ ကျောင်းသား ၂၁ ဦးရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ကိုထက်အောင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ၊ ကောလိပ်တို့က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ၊ မြို့နယ်အလိုက် ဖွဲ့ထားတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ပါဝင်ကြပါတယ်။
ဒါ့အပြင် အာဏာမသိမ်းခင်ကလည်း ရခိုင်အရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ကျခံရတဲ့ ဗကသ ကျောင်းသား ၁၀ ဦးထက် မနည်းရှိနေပြီး တချို့ ပြန်လည်လွတ်မြောက်ခဲ့ကာ ၃ ဦးမှာ လက်ရှိအချိန်ထိ ထောင်ကျခံနေရဆဲဖြစ်ပါတယ်။