DVB Logo
Home
မြန်မာသတင်း
တရုတ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၄ သန်းဝယ်ယူထား၊ ဒုတိယအသုတ် ၄ သန်းထပ်မံရောက်ရှိ
DVB
·
September 27, 2021
တရုတ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၄ သန်းဝယ်ယူထား၊ ဒုတိယအသုတ် ၄ သန်းထပ်မံရောက်ရှိ
1 / 6
Donate to DVB

တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း စက်တင်ဘာ ၂၆ ရက်ညနေပိုင်းမှာ ထပ်မံရောက်ရှိလာခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာအစိုးရက ကာကွယ်ဆေးအကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားခဲ့တာလို့ ဖော်ပြပါတယ်။

ခုလက်ရှိရောက်လာခဲ့တဲ့ ကာကွယ်ဆေး အလုံးရေ ၄ သန်းကတော့ ဝယ်ယူထားတာတွေထဲက ဒုတိယအသုတ်အနေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံးအသုတ် ၄ သန်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်မှာ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၆ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားတဲ့ COVISHIELD ကာကွယ်ဆေး ၂ သန်း၊ Sinopharm ကာကွယ်ဆေး ၁၀ သန်း၊ Sinovac ကာကွယ်ဆေး ၂ သန်းနဲ့ စုစုပေါင်း ၁၄ သန်း ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၁၇,၀၀၀ ကျော်ထိ ရှိလာနေပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၇ သန်း ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေးသွား ရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013