DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် ၆ လအတွင်း တိုက်ပွဲ ၃၃၄ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံး
DVB
·
September 26, 2021
ကေအန်ယူနယ်မြေတွင် ၆ လအတွင်း တိုက်ပွဲ ၃၃၄ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံး
1 / 2
Donate to DVB

ကေအန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေအကြား  ၆ လအတွင်း တိုက်ပွဲပေါင်း ၃၃၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်ကစတင်ပြီး  KNU နယ်မြေအတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း ၁၊၂ ၊  ၃ ၊ ၄ နဲ့ စစ်ကောင်စီရဲ့တပ်တွေနဲ့တိုက်ပွဲပေါင်း ၃၃၄ ကြိမ်ဖြစ်ပွားခဲ့ရမှာ စစ်ကောင်စီတပ်ဘက်က  ၂၁၄ ဦး သေဆုံးပြီး ၂၄၉ ဦး ဒဏ်ရာရရှိခဲ့သလို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဘက်က ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလ ၂၂ ရက်ကလည်း ကေအန်ယူ သထုံခရိုင် တပ်မဟာ ၁ ရဲ့ ဒေသခံတပ်ဖွဲ့တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေ သိမ်ဇရပ်ကားလမ်းမပေါ်မှာ  ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၂၅ ယောက်သေဆုံးပြီး ၅ ယောက် ပြင်းထန်စွာဒဏ်ရာရရှိသည့်အပြင် ကားတစ်စီးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ကေအန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ ၃ မှာလည်း စက်တင်ဘာ  ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများလို့တပ်အားလုံး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားမှု တွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အတွက် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်နဲ့ လုံခြုံရေးကို တာဝန်ယူပေးနေတဲ့  KNDO တပ်တွေနဲ့ မကြာခဏ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

KNDOရဲ့နယ်မြေအတွင်း စစ်ကောင်စီတပ်​တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့ရာ ဒေသခံတွေရဲ့ လယ်၊ တောင်ယာ၊ ဥယျာဥ်ခြံ လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ပစ္စည်းဥစ္စာတွေကို လုယူတာ၊ တိရစ္ဆာန်တွေကို ပစ်ခတ်သတ်ဖြတ်တာတွေပြုလုပ် ကျူးလွန်ခဲ့ပါတယ်။

ဒေသခံတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်မှု ၂၀၄ ချက်၊ တိုက်လေယာဉ်နဲ့  ၄ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ရွာသား ၃ ဦး ဒဏ်ရာရရှိပြီး အိုးအိမ် အဆောက်အဦးများစွာ ပျက်စီးခဲ့သလို ကျွဲ ၄ ကောင်၊ နွား ၄ ကောင်၊ ဆိတ် ၆ ကောင် သေဆုံးပြီး၊ နွား ၃ ကောင်၊ ဆိတ် ၁ ကောင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တပ်တွေက မတရားယူဆောင်သွားတဲ့ ဒေသခံပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေရဲ့ တန်ဖိုးငွေ ကျပ်သိန်း ၁၅၀ နီးပါးရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကေအန်ယူ လက်အောက်ခံ ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့ တပ်နဲ့ ဘီဂျီအက်ဖ်တွေ လူအင်အား၊ လက်နက်အင်အားဖြည့်တင်းပြီး နယ်မြေတိုးချဲ့လှုပ်ရှားလာတာတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ကေအန်ယူတာဝန်ရှိသူတွေက သတိပေး ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013