Home
မြန်မာသတင်း
ဖားကန့်မြို့နယ် တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်
DVB
·
September 26, 2021
242875257_3041030826224658_6494822328589940323_n
242802490_3041030779557996_1670221099325892673_n
242590645_3041030702891337_6234048907298781551_n
242568780_3041030909557983_4731714847053482152_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာမှာ စက်တင်ဘာ ၂၅ ရက်က ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းတွေ ခွန်ဆိုင်ယန် ကျေးရွာကို ရောက်လာလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီစစ်ကြောင်း  ခွန်ဆိုင်ယန်ကျေးရွာကို ရောက်လာချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေဟာ လဝါးကျေးရွာက  ဘုရားကျောင်းနဲ့ နီးစပ်ရာဆွေမျိုးတွေေ နေအိမ်တွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

“ညနေ ၃ နာရီလောက် စစ်ကြောင်း ရွာထဲဝင်လာတော့ လဝါးဘက်ကို ပြေးကြတယ်။ လဝါး က KBC  ဘုရားကျောင်းနဲ့ RC ဘုရားကျောင်းတွေမှာ တိမ်းရှောင်နေတယ်။ ဆွေမျိုးတွေ အိမ်တည်းတဲ့ သူ လည်း ရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ခွန်ဆိုင်ယန်ကျေးရွာက ပြည်သူတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး သက်ကြီးရွယ်အိုတွေနဲ့ အိုမင်းမစွမ်းရှိ‌သူတွေသာ ကျေးရွာမှာ ကျန်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024