DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးနှင့် PDF ဘက်က ၁ ဦး ကျဆုံး
DVB
·
September 26, 2021
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးနှင့် PDF ဘက်က ၁ ဦး ကျဆုံး
Donate to DVB

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ဒေသခံ PDF ဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က ဒီးမော့ဆိုမြိုနယ် ကုန်းသာကျေးရွာဘက်မှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ခုခံတိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနဲ့ ကျောက်ဆည်ကန်တို့မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ စက်တင်ဘာ ၂၅ ရက် ညပိုင်းအချိန်အထိ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၈ နာရီ ၄၅ မိနစ်ကနေ ည ၇ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၁၀ ဦးနဲ့ KNDF က ၁ ဦး ကျဆုံး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကုန်းသာ ကျေးရွာနဲ့ သေးဆူလဲကျေးရွာတို့မှာ ဝင်ရောက်တပ်စွဲပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်တွေကို ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူပေါင်းတိုက်ခိုက်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013