DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၊ ကုန်းသာအုပ်စုက ရပ်ကျေးစာရေး အသတ်ခံရ
DVB
·
September 25, 2021
ဘုတလင်မြို့နယ်၊ ကုန်းသာအုပ်စုက ရပ်ကျေးစာရေး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကုန်းသာရွာနဲ့ ကံသာရွာကြားကချောင်းအတွင်းမှာ ကုန်းသာအုပ်စု ရပ်ကျေးစာရေး ၁ ဦး ဒီနေ့ နေ့လယ် ၁ နာရီကျော်က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“အသတ်ခံရတဲ့သူက ကိုဝင်းကျော်သူ (ခ) ငဖဲဗျ။ အသက်က ၃၀ ဝန်းကျင်လောက် ရှိမယ်။ သူက ကုန်းသာ ၆ ရွာအုပ်စု ရပ်ကျေးစာရေးတစ်ဦးဗျ။ CDM မလုပ်ထားဘူးလို့ သိရတယ်။ နောက်ပြီး ရွာဘက်လာတဲ့ စစ်သားတွေကို လမ်းပြလိုက်ပို့ပို့နေတာလို့ သတင်းတွေ ထွက်နေတာပဲဗျ။ ဘာကြောင့် သတ်ကြတာလဲ၊ ဘယ်အဖွဲ့အစည်းက သတ်တာလဲတော့ မသိရဘူးဗျ။ အသတ်ခံရတာကတော့ ခေါင်းတခြား၊ ကိုယ်လုံးတခြားပဲ။ ဓားနဲ့ လည်ပင်းပိုင်းသွားကြတာ” လို့ ကုန်းသာဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီအားပေး CDM မလုပ်တဲ့ ရပ်ကျေးစာရေး အသတ်ခံရတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

စစ်ကောင်စီ ထောက်ခံအားပေး CDM မလုပ်တဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ အသက်လုံခြုံမှုကို အာမမခံနိုင်ဘူးလို့ ဒေသခံမြေအောက်အဖွဲ့အစည်းတစ်ခုရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ ၁၀ ရက်ကျော် ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013