
ချဲလ်ဆီးအသင်းက ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့အတွက် ပေါင် ၁၂၀ သန်းနဲ့ ကမ်းလှမ်းရမဲ့ နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားပြီဖြစ်ပါတယ်။
ဒါကြောင့် ချဲလ်ဆီးဘက်က အာဂျင်တီးနား ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားပါတယ်။
ဒီနောက်ဆုံးရက် ကျော်လွန်သွားတာကြောင့် အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ပြောင်းရွှေ့ရေး ကိစ္စဟာ ဒီရာသီ အတွက် ပြီးဆုံးသွားတာလည်း ဖြစ်ပါတယ်။
တခြားကလပ်တွေက ချဲလ်ဆီးသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ကမ်းလှမ်းခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ချဲလ်ဆီးအသင်းဟာ သူ့ကို အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ် တွေကတော့ ဒီကိစ္စ ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်နေကြပါတယ်။
Photo: Reuters











