DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် သတင်းပေးဒလန် ၁ ဦးကို ပစ်သတ်ရှင်းလင်းခဲ့ဟု ရေး PDF အဖွဲ့ ပြော
DVB
·
September 25, 2021
ရေးမြို့နယ်တွင် သတင်းပေးဒလန် ၁ ဦးကို ပစ်သတ်ရှင်းလင်းခဲ့ဟု ရေး PDF အဖွဲ့ ပြော
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ  စစ်ကောင်စီရဲ့ သတင်းပေးဒလန် အမျိုးသားတယောက်ကို စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲလောက်က ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့ YSTF က သေနတ်နဲ့ အနီးကပ်ပစ်သတ် ရှင်းလင်းခဲ့တယ်လို့  ရေး PDF အဖွဲ့က ပြောပါတယ်။

ပစ်သတ်ခံရသူဟာ ဦးကျော်သူထွန်းဆိုသူဖြစ်ပြီး  စစ်ကောင်စီတပ်တွေကို သတင်းပေးလည်း ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နောက်လိုက် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

ရေးမြို့မှာ မနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ အစင်ကျေးရွာ ကပျူစောထီးအဖွဲ့ဝင် ဦးကျော်သူထွန်း ပစ်သတ်ခံရပြီးနောက် စက်တင်ဘာ ၂၅ ရက်  ဒီနေ့ မနက်က စစ်ကောင်စီတပ်ဖွဲ့တွေက အောင်မေတ္တာရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နဲ့ အစင်ကျေးရွာဘက်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ CDM ပြည်သူ့ဝန်ထမ်းကောင်းတွေ၊ နွေဦးတော်လှန်ရေး တက်ကြွ လှုပ်ရှားသူတွေကို စစ်ကောင်စီ လက်နက်ကိုင်တွေနဲ့ ပူးပေါင်းက သတင်းပေးတာ၊ ဖမ်းဆီးတာတွေ လုပ်နေသူ ဖြစ်တာကြောင့် အခုလို သုတ်သင် ရှင်းလင်းခဲ့တယ်လို့ PDF အဖွဲ့က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်နက်ကိုင်တွေ၊ ရဲတွေ၊ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ စစ်ကောင်စီကို အကျိုးပြုနေသူတွေရဲ့နားမှာ နေထိုင်သွား လာတာ  မလုပ်ဖို့  ရေး PDF က ထပ်မံမေတ္တာရပ်ခံပါတယ်။

စက်တင်ဘာ ၂၄ ရက်မှာပဲ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောင်မေတ္တာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင် နေအိမ်ကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013