DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့တွင် မအူပင်ဟစ်တိုင်သတင်းဌာနအယ်ဒီတာ ဖမ်းဆီးခံရ
DVB
·
September 25, 2021
မအူပင်မြို့တွင် မအူပင်ဟစ်တိုင်သတင်းဌာနအယ်ဒီတာ ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စက်တင်ဘာ ၂၁ ရက်နေ့က မအူပင်ဟစ်တိုင်သတင်းဌာနရဲ့ အယ်ဒီတာ ဖြိုးလေးချမ်းကို စစ်ကောင်စီတပ်သွားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မအူပင်ဟစ်တိုင်သတင်းဌာနဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစတင်ကာ သတင်းတင်ဆက်မှုတွေကို ရပ်ဆိုင်းခဲ့ပေမယ့် မအူပင်ဟစ်တိုင်းသတင်းဌာနရဲ့ အယ်ဒီတာ ဖြိုးလေးချမ်းကို စစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတဦးကပြောပါတယ်။

"သူအဖမ်းခံရတာဟုတ်တယ် သုံးရက်ရှိပြီ၊ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။ မအူပင်မှာ ဖမ်းထားတယ်လို့ကြားတယ်။ သူက မအူပင်မှာ သတင်းထောက်တွေစအဖမ်းခံရကတည်းက ရှောင်နေတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မအူပင်ဟစ်တိုင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုဖြိုးလေးချမ်းကို ၃ ရက်ကြာတဲ့အထဲ မိသားစုက အဆက်သွယ်မရသေးသလို ရဲစခန်းကိုလည်း ရောက်မလာသေးဘူးလို့ ဆိုပါတယ်။

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ သတင်းထောက်ဟောင်း ကိုအောင်မြသန်းကိုလည်း အာဏာသိမ်းစစ်တပ်က ၂ ကြိမ်ထိ ဖမ်းဆီးထောင်ချတာပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013