DVB Logo
Home
မြန်မာသတင်း
ထိုင်းကျောင်းသား ၁ ဦး အွန်လိုင်းတွင် အလိမ်ခံရသဖြင့် သေဆုံး၊ SMS လိမ်လည်ကြော်ငြာများ စပိတ်
DVB
·
September 24, 2021
ထိုင်းကျောင်းသား ၁ ဦး အွန်လိုင်းတွင် အလိမ်ခံရသဖြင့် သေဆုံး၊ SMS လိမ်လည်ကြော်ငြာများ စပိတ်
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က အလယ်တန်းကျောင်းသားလေး ၁ ဦး အွန်လိုင်းပေါ်မှ ဖုန်းမှာယူပြီး ငွေလွဲပြီးပေမယ့် ပစ္စည်းမရလို့ စိတ်ထိခိုက်သေဆုံးသွားခဲ့ပါတယ်။ 

အသက် ၁၄ နှစ်ရွယ် နောင့်ကောင့်ဆိုတဲ့ ကျောင်းသားလေးဟာ ကိုဗစ်-၁၉ ကာလ အွန်လိုင်းကနေ စာသင်ဖို့ တယ်လီဖုန်းလိုအပ်တာကြောင့် SMS ကနေ ကြော်ငြာလာတဲ့ တပတ်နွမ်း အိုင်ဖုန်းကို မှာယူခဲ့ပါတယ်။ 

ဖုန်းအရောင်းကိုယ်စားလှယ်က အယုံသွင်းတာကြောင့် နောင့်ကောင့်က သူစုထားတဲ့ငွေနဲ့ မိခင်စိုက်ပေးတဲ့ ငွေပေါင်းပြီး ဖုန်းဖိုးဘတ် ၅၀၀၀ လွှဲပေးလိုက်ရာမှာ ရက်အတန်ကြာ ပစ္စည်းရောက်မလာဘဲ အဆိုပါအရောင်းကိုယ်စားလှယ်က အဆက်အသွယ်ဖြတ်သွားတာကြောင့် အလိမ်ခံရမှန်းသိသွားပြီး မစားနိုင်မသောက်နိုင်တမှိုင်မှိုင်နဲ့ ဖြေဆည်မရကာ ဦးနှောက်ကြော ပြတ်ပြီး သေဆုံးသွားခဲ့ပါတယ်။ 

ဒါ့အပြင် ရာ့ချ်ပူရီခရိုင်မှ အသက် ၁၃ နှစ်ရွယ် ကျောင်းသူလေးတစ်ဦးမှလည်း iphone ၁ လုံးကို ဘတ် ၁၄၀၀၀ နဲ့ အွန်လိုင်းကနေမှာယူခဲ့ပြီး ၂ နာရီအတွင်း ပစ္စည်းရောက်လာမယ်လို့ ပြောဆိုပေမယ့် နောက်ရက်ထိ ရောက်မလာဘဲ အဆက်အသွယ်ဖြတ်သွားလို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။ 

ဒီအကြောင်း သတင်းတွေမှာ ဖော်ပြပြီးတဲ့နောက် ထိုင်းအမျိုးသားရေဒီယို၊ တီဗွီနဲ့ ကြေးနန်း ဆက်သွယ်ရေးကော်မရှင်ရုံး (NBTC) က AIS/TRUE/DTAC/NT/ 3BB အစရှိတဲ့ တယ်လီဖုန်းကုမ္ပဏီအားလုံးကို အစည်းအဝေးခေါ်ယူပြီး ပြည်သူတွေအလိမ်မခံရစေဖို့ SMS မှ တဆင့်ပေးပို့လာသော လိမ်လည်ကြော်ငြာများ၊ အွန်လိုင်းလောင်းကစားများ၊ ညစ်ညမ်းပုံနှင့်ဗွီ ဒီယိုများကို Block လုပ်ပိတ်ဆို့ပစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ 

အဆိုပါကြော်ငြာများကို စတင်ဖြန့်ဝေခွင့်ပြုတဲ့ Contact Provider များကိုလည်း စုံစမ်းပြီး Black List သွင်းဖို့၊ စည်းကမ်းချက်မလိုက်နာတဲ့ Contact Provider တွေကို သတိပေးခြင်း၊ ပြစ်ဒဏ်ခတ်ခြင်း၊ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်း စသဖြင့်အဆင့်လိုက် အရေးယူဖို့လည်း ညွှန်ကြားထားကာ  SMS ကြော်ငြာများစိစစ်ပိတ်ဆို့ခြင်းအစီအစဉ်ကို  စက်တင်ဘာ ၂၃ ရက်က စတင်ခဲ့ပါတယ်။ 

ကျောင်းသားလေးအလိမ်ခံရတာ နဲ့ ပတ်သက်ပြီး ဆိုင်ဘာရဲတွေက အမှုကို စုံစမ်းဖော်ထုတ်နေရာမှာ မနေ့က လိမ်လည်မှုကျူးလွန်သူတွေကို သိရှိခဲ့ကြောင်း၊ ကနဦး စုံစမ်းရတဲ့ တရားခံမှာ အသက် ၁၈ နှစ် နဲ့ ၁၉ နှစ်သာရှိသေးတဲ့ မိန်းကလေး ၂ ဦးဖြစ်ပြီး နွန်ထပူရီခရိုင်ကလို့ ဆိုပါတယ်။ 

ဒီကနေ့ စက်တင်ဘာ ၂၄ မှာ ၁ ဦးကို ဖမ်းဆီးရမိပြီး ကျန်တဲ့ ကွင်းဆက်မှာ ပါဝင်သူအားလုံး ဖမ်းဆီးနိုင်ဖို့ ဆက်လက်ကြိုးစားနေကြောင်း၊  မကြာခင်သတင်းစာရှင်းလင်းသွားမယ်လို့  ဆိုင်ဘာရဲအရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။ ကိုးကား - https://www.komchadluek.net/hot-social/485032

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013