DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျတွင် ၁၆ နှစ်အထက် ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး
DVB
·
September 24, 2021
ဩစတြေးလျတွင် ၁၆ နှစ်အထက် ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး
Donate to DVB

ဩစတြးလျနိုင်ငံမှာ အသက် ၁၆ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေးထိုးနှံမှုတွေ နှေးကွေးတယ်လို့ ဝေဖန်ခံရမှုတွေရှိလာပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာတော့ တရက်တည်း ကာကွယ်ဆေးထိုးနှံပြီးစီးမှု ၃၄၇,၀၀၀ ယောက်နဲ့ စံချိန်တင်နိုင်ခဲ့တယ်လို့ ဩစတြေးလျဖက်ဒရယ်အစိုးရက ပြောပါတယ်။

လတ်တလောမှာတော့ အသက် ၁၆ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် အပြည့်အဝထိုးနှံပြီးစီးမှုဟာ အစိုးရရဲ့ မိုင်တိုင် တခုဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်မှတ်တမ်းတခုအနေနဲ့ တပတ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းထုတ်နိုင်ခဲ့ပြီး လက်ရှိကာကွယ်ဆေးစုစုပေါင်း ၂၆ သန်းလက်ဝယ်ရှိနေတယ်လို့ ဆို ပါတယ်။

အသက် ၁၆ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ ၄ ပုံ ၃ ပုံကလွဲလို့ ပြည်သူအားလုံးကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ကြိမ်စီထိုးနှံပြီးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ဩစတြေးလျနိုင်ငံမှာ တဦးချင်းကာကွယ်ဆေးထိုးနှံမှုနှုန်းဟာ တခြား ကမ္ဘာ့နိုင်ငံတွေဖြစ်ကြတဲ့ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဆွီဒင်၊ ယူကေနဲ့ အမေရိကန်တို့ထက် ပိုပြီးတော့ မြန်ဆန်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ အရွယ်ရောက်ပြီးသူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာတော့ သြစတြေးလျတော်နယ်မြေက အပြည့်အဝထိုးနှံပြီးစီးသူ ၆၀ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေ ပြီး သူ့နောက်မှာတော့ နယူးဆောက်သ်ဝေးပြည်နယ်က ၅၇ ဒသမ ၈ ရာခိုင်နှုန်း၊ ကွင်းစ လန်ပြည်နယ်က ၄၄ ရာခိုင်နှုန်းစီ အသီးသီး ရှိနေတာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံတဝန်းမှာတော့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူပေါင်း ၉၃,၀၀၀ ကျော်၊ သေဆုံးသူ ၁,၂၀၀ ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက် သာလာသူပေါင်း ၇၁,၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013