DVB Logo
Home
မြန်မာသတင်း
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုကမ်ပိန်း ၄ ရက်ကြာ ပြုလုပ်မည်
DVB
·
September 24, 2021
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုကမ်ပိန်း ၄ ရက်ကြာ ပြုလုပ်မည်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီထံကို စီးဆင်းနေတဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းကို မနက်ဖြန် စက်တင်ဘာ ၂၅ ရက်နေ့က စတင်ကာ ၄ ရက်ကြာ ပြုလုပ်ကြမှာဖြစ်လို့ ပြည်သူအားလုံးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

အွန်လိုင်းဆန္ဒထုတ်ဖော်ပွဲလှုပ်ရှားမှုအနေနဲ့ ပြုလုပ်သွားမယ့် ဒီကမ်ပိန်းမှာတော့ လူမှုကွန် ရက်အင်တာနက်စာမျက်နှာတွေ၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာစာမျက်မှာတွေပေါ်  ကတဆင့် Blood Money - သွေးစွန်းငွေရဲ့ တောင်းဆိုချက် စာသားတွေတင်တာ၊ ဒါမှမဟုတ် ပြည်သူတွေရဲ့ တောင်းဆိုမှုစာသားတွေတင်တာ၊ တောင်းဆိုမှု စာသားတွေနဲ့အတူ လက် ၃ ချောင်းသင်္ကေတနဲ့ ဓာတ်ပုံတင်တာ၊ အင်္ကျီအနီ/ သွေးစွန်းနေတဲ့အင်္ကျီ(အင်္ကျီ အ ဖြူမှာ အနီရောင်ဆေးသုတ်တာ)၊လက်အိတ်အနီ/လတ်ပတ်စည်းအနီရောင်/ရေဆေး အနီ ရောင်အမှုန့်နဲ့ လက်မှာ လိမ်းတာမျိုးတွေစတဲ့ မိမိအဆင်ပြေမယ့် နည်းလမ်းတွေသုံးပြီး ဓာတ်ပုံရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Blood Money Campaign ခေါင်းစဉ်နဲ့အညီ သရုပ်ပြပုံဖော်မှုတွေ၊ ပန်းချီ၊ ကာတွန်းစတဲ့ ဖန်တီးပုံဖော်မှုနည်းလမ်းတွေနဲ့လည်း အွန်လိုင်းဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ကမ်ပိန်းအချက်အလက်

အသုံးပြုနိုင်တဲ့ တောင်းဆိုမှုစာသားများ 

အရင်ဆုံးရေနံကုမ္ပဏီများ၏ page ကို mention လုပ်ပါ။

@TotalEnergiesMyanmar @Chevron (Facebook)

@TotalEnergies @Chevron (Twitter)

Total, Chevron  Corporations are responsible for all  war crimes in Myanmar

Total, Chevron သည် မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုများ အားလုံးအတွက် တာဝန်ရှိသည်။

Total, Chevron - Stop accessory to murder

Total, Chevron - စစ်ရာဇဝတ်မှုနဲ့ စစ်တပ်လူသတ်မှုတွေ အလိုတူအလိုပါ ပါဝင်နေတာ ချက်ချင်းရပ်။

Total, Chevron - Freeze all payments to MOGE until the civilian government.

Total, Chevron - MOGE ထံပေးချေရမယ့်ငွေတွေကို ပြည်သူ့အစိုးရမတက်မချင်း ဆိုင်းငံ့ထား။

အသုံးပြုနိုင်တဲ့ #hashtag များ

#BloodMoneyMyanmar              

#FreezePaymentsToJunta

#Total_StopSponsoringSAC        

#Chevron_StopSponsoringSAC

#SanctionMOGE

#StopFundingCrimesAgainstHumanity

#ဖက်ဆစ်စစ်တပ်အမြစ်ဖျက်ဖို့_သွေးစွန်းငွေဖြတ်တောက်စို့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013