Home
မြန်မာသတင်း
တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူ တိုက်ပွဲဖြစ်
DVB
·
September 22, 2021
241383109_944192316441042_1358395559751933442_n
241220283_944192406441033_842913333637674481_n
240245309_944192506441023_1109313319346274994_n
239723883_944192449774362_3531878442203041487_n

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ နတ်ချောင်းအလယ်ရွာ၊ ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ စက်တင်ဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီလောက်က အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ ၆ အတွင်းရေးမှူးရုံးကနေ သိရပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေက တားမြစ်နေတဲ့ကြားက ကျူးကျော်ဝင်ရောက်လာတဲ့အတွက် တပ်မဟာ ၆. လက်အောက်ခံ  တပ်ရင်း ၁၇ ရဲ့ တပ်ခွဲ ၂ နဲ့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ 

ကေအန်ယူ တာဝန်ရှိသူက "တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ တားတဲ့ကြားက လာမှာပဲဆိုတော့ တိုက်ပွဲဖြစ်တာ။ လောလောဆယ်မှာတော့ သူတို့က ဆက်ပြီးမတိုးသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာမှာ နေရာယူထားတယ် ကြားတယ်" လို့ အတည်ပြုပြောဆိုပါတယ်။ 

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားဝင်တင်​ပြလာတာ မရှိသေးတဲ့အတွက် မသိရသေးဘူးလို့ ဆိုပါတယ်။ 

ကေအန်ယူ လက်အောက်ခံ၊ တပ်မဟာ ၁၊ ၂၊  ၃၊ ၅၊ ၆၊ ၇ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေ လူအင်းအား၊ လက်နက်ခဲယမ်း ဖြည့်တင်းပြီး နယ်မြေတိုးချဲ့ လှုပ်ရှားလာတဲ့အတွက် နေ့စဥ်တိုက်ပွဲဲဖြစ်ပွားနေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024