
ဗြိတိန်မှာ အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် လူမှုမီဒီယာကို တနင်္လာနေ့မှာ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြေညာခဲ့ပြီး အပြောင်းအလဲတွေက ကလေးတွေ ငယ်ဘဝကို ပြန်ရစေလိမ့်မယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အရှေ့လန်ဒန်တက္ကသိုလ်က ရာဇ၀တ်မှုဆိုင်ရာ တရားစီရင်ရေးနဲ့ ဆိုက်ဘာ ရာဇဝတ်မှု ဆိုင်ရာ ပါမောက္ခ ဒေးဗစ်ဆန်က ပိတ်ပင်မှုရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ထိရောက်မှုအပေါ် စိုးရိမ် နေတာပါ။
အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် လူမှုမီဒီယာကို ပိတ်ပင်တာဟာ အွန်လိုင်းမှာ ကလေးတွေကို ကာကွယ်ဖို့ တခုတည်းသော ဖြေရှင်းချက်မဟုတ်ဘူးလို့ ကလေးအွန်လိုင်း ဘေးကင်းရေး ကျွမ်းကျင်သူ ပါမောက္ခ ဂျူလီယာ ဒေးဗစ်ဆန်က ဇွန် ၁၅ ရက်မှာ ပြောပါတယ်။
အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် လူမှုမီဒီယာကို ပိတ်ပင်တဲ့ ပထမဆုံးနိုင်ငံဖြစ်တဲ့ သြစတြေးလျက ဒီဇင်ဘာလမှာ အပြောင်းအလဲတွေကို စပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ အလားတူ ကနေဒါနိုင်ငံမှာလည်း မကြာသေးခင်ကမှ ကလေးတွေ လူမှုမီဒီယာ အသုံးပြုမှုကို ပိတ်ပင်ထားပါတယ်။
ပိတ်ပင်မှုရဲ့ ကနဦးအကဲဖြတ်ချက်အရ ကလေးတွေနဲ့ လူငယ် ၃ ပုံ ၂ ပုံလောက်က ပိတ်ပင်မှုကို မလိုက်နာကြဘဲ လူမှုမီဒီယာကို ဆက်သုံးဖို့ နည်းလမ်းရှာနေကြတယ်လို့ ဒေးဗစ်ဆန်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဒါကြောင့် ပိတ်ပင်မယ့်အစား ကလေးတွေ၊ လူငယ်တွေ၊ မိဘတွေနဲ့ ဆရာတွေအတွက် စည်းမျဉ်း စည်းကမ်းတွေနဲ့ ဥပဒေပြုရေးလုပ်ငန်းစဉ်တွေအပြင် ပညာရေးကိုပါ ထည့်သွင်းထားတဲ့ လူ့အဖွဲ့အစည်း တရပ်လုံးကို ရည်ရွယ်ထားတဲ့ ချဉ်းကပ်မှုကို သူက တောင်းဆိုနေခဲ့ပါတယ်။
Source: Reuters










