DVB Logo
Home
မြန်မာသတင်း
ဖူးကက်တွင် မြန်မာအမျိုးသား ၁ ဦး မုဒိမ်းမှုဖြင့် ဖမ်းဆီးခံရ
DVB
·
September 22, 2021
ဖူးကက်တွင် မြန်မာအမျိုးသား ၁ ဦး မုဒိမ်းမှုဖြင့် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်၊ ဖူးကက်မြို့ထဲမှာ ထိုင်းအမျိုးသမီးတစ်ဦးကို ပိတ်လှောင်ထားပြီး မုဒိမ်းကျင့်ခဲ့မှုသံယယနဲ့  မြန်မာအမျိုးသား  ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ မတ်တီချွန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၇ နှစ်ရွယ်ရှိ ညီညီနိုင်ဆိုသူ မြန်မာအမျိုးသားဟာ အသက် ၃၀ နှစ်ကျော်ရှိ ထိုင်းအမျိုးသမီးတစ်ဦးကို လှောင်ပိတ်ပြီး အပေါင်းပါ  ၂ ယောက်အကူအညီနဲ့ မုဒိမ်းကျင့်ကြံခဲ့ ကြောင်း တိုင်ကြားချက်အရ ဖူးကက်မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေဟာ သူ့ကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက  ဖူးကက်မြို့ ရတ်ဆဒါးရပ်ကွက် နယ်မြေ ၇ အိမ်အမှတ် ၆၅/၃၅ မှာ ဖမ်းဆီးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်က   ညီညီနိုင်ဟာ ထိုင်းအမျိုးသမီး ၁ ဦးကို ဖူးကက်မြို့ တိုက်ခန်းတစ်ခန်းမှာထားပြီး သူ့ရဲ့အပေါင်းပါ နှစ်ဦးက ဖမ်းချုပ်စေကာ မုဒိမ်းကျင့်ခဲ့ကြောင်း၊ သူ့ကိုပိတ်လှောင်ထားစဉ် အဆိုပါအမျိုးသမီးက တိုက်ခန်းခေါင်မိုးပေါ်တက်သွားပြီး  အိမ်ချင်း ကပ်နေတဲ့ တဘက်က အိမ်ခေါင်မိုးပေါ်ခုန်ချ၊ အဲယားကွန်းပိုက်လိုင်းကနေ တွယ်ဆင်း လွတ်မြောက်လာခဲ့တယ်လို့   ရဲစခန်းတာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ 

ထိုင်းအမျိုးသမီးက ရဲစခန်းမှာ တိုင်ကြားထားတာကြာပြီဖြစ်ပေမယ့် အရေးယူပေးတာ မတွေ့ရကြောင်း ၊ ရဲစခန်းကို လှမ်းမေးတော့လည်း သူရဲ့ ဆေးစစ်ချက်အဖြေမထွက်သေးဘူးလို့ပဲ အကြောင်းပြန်ခဲ့ တယ်လို့ ဆိုပါတယ်။ 

ညီညီနိုင်က သူ့ကိုမုဒိမ်းကျင့်ပြီးနောက် တိုင်ချင်တဲ့နေရာတိုင် ငါနဲ့ရဲတွေက တဖွဲ့တည်းပဲ ၊ ဦးနှောက်မရှိတဲ့ရဲပဲ နင်ပြောတာကို ယုံမယ်လို့ ပြောကြားခဲ့ကြောင်း ၊ သူဟာ တကယ်လည်း ထိုင်းရဲတွေနဲ့ တွဲနေတဲ့ လူလည်တယောက်လို့ မုဒိမ်းကျင့်ခံရသူအမျိုးသမီးက ပြောပါတယ်။ 

ရဲတွေရဲ့ အရေးယူဆောင်ရွက်ချက်နှောင့်နှေးတာကြောင့် ထိုင်းမှာပြည်သူ့အခက်အခဲတွေကို အမြဲဖော်ပြနေတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ စက်တင်ဘာ ၂၀ ရက်က အမှုဖွင့်စာနဲ့အတူ ပို့စ်တင်ခဲ့ပြီး ထိုင်းရဲအပေါ် ဝေဖန်မှုတွေမြင့်တက်လာကြောင်း ၊  ၂၁ ရက်နေ့မှာမှ တရားခံကို သွားရောက်ဖမ်းဆီးပေးတာလို့ အဆိုပါအမျိုးသမီးက သတင်းထောက်တွေကို ပြောပါတယ်။ ကိုးကား - https://www.khaosod.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013