DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ CGF တိုက်ပွဲစတင်၊ ပြည်သူများ အကြမ်းဖက် စစ်ကောင်စီနှင့် ခပ်ဝေးဝေးနေရန် တိုက်တွန်း
DVB
·
September 22, 2021
လှိုင်သာယာ CGF တိုက်ပွဲစတင်၊ ပြည်သူများ အကြမ်းဖက် စစ်ကောင်စီနှင့် ခပ်ဝေးဝေးနေရန် တိုက်တွန်း
Donate to DVB

လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ မြို့ပြစစ်ပွဲတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ ပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံတွေကြားရပါက အနီးဆုံး လုံခြုံမယ့်နေရာမှာ ချက်ချင်း နေရာယူပေးကြဖို့နဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ ခပ်ဝေးဝေး နေပေးကြဖို့ လှိုင်သာယာ မြို့ပြပြောက်ကျားတပ် (CGF) က အသိပေးကြေညာပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ CGF  အဖွဲ့အနေနဲ့ စက်တင်ဘာ ၂၁ ရက် ညနေ ၃နာရီခွဲက စပြီး အနော်ရထာလမ်းမပေါ် ရိုးကြီးနဲ့ ရိုးလေးကြားမှာ တိုက်ပွဲတခု ဖော်ဆောင်ကာ  အဝေးထိန်း ဗုံး ၆ လုံးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်တွေ ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး CGF ‌တပ်တွေက ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။

လှိုင်သာယာမြို့နယ်မှာ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်နဲ့ ဒုရဲမှူးအဆင့်ရှိသူတို့ လိုက်ပါလာတဲ့ကား ဗုံးပစ်ထည့်ခံရတာကြောင့် ကားထဲပါလာသူတွေ ဒဏ်ရာရပြီး ဆေးရုံတင်ပို့လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CGF အနေနဲ့  ပြည်သူလူထုကို ထိခိုက်မှုနဲ့ ဘေးအန္တရယ် ကင်းရှင်းရေး ပထမ ဦးစားပေးအဖြစ် အမြဲတမ်းအလေးထားတာကြောင့် ပြည်သူလူထုကလည်း မိမိတို့နဲ့ ပူးပေါင်း ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013