DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင်နှင့် နောက်လိုက်တစ်ဦး အသတ်ခံရ
DVB
·
September 21, 2021
ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင်နှင့် နောက်လိုက်တစ်ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပုဂံခေတ် ပျူစောထီးရဲ့ မွေးရပ်ဇာတိ မလည်ရွာက လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်နဲ့‌ နောက်လိုက်တစ်ဦးကို ခင်ဦး-တောကြီးမြွေဟောက်အဖွဲ့ (King Cobra)  က ရှင်းလင်းသုတ်သင်လိုက်တယ်လို့ သိရပါတယ်။

“သူက ကန့်ဘလူမြို့နယ်တင်မကဘူး၊ ဒေသတွင်း ပတ်ပတ်လည်ပါ ပျူစောထီးအဖွဲ့တွေကို ဦးဆောင်နေသူတစ်ဦးပါ။ လက်နက်လည်း ကိုင်ထားတယ်၊ နာမည်ကြီးပေါ့၊ ဒါကြောင့် ရှင်းပစ်လိုက်တယ်” လို့ King Cobra အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သုတ်သင်ခံရသူတွေဟာ မလည်ဇာတိသားတွေ မဟုတ်ပေမယ့် မလည်ဒေသ ပျူစောထီးအဖွဲ့မှာ အတော်အရာရောက်သူလို့ ဆိုပါတယ်။

King Cobra အဖွဲ့အနေနဲ့ ဒလန်နဲ့ ပျူစောထီးတွေကို ရှင်းလင်းသုတ်သင်လာတာ ၂၄ ဦး ရှိသွားပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013