DVB Logo
Home
မြန်မာသတင်း
PRA စခန်းတွင် ပြည်သူရာနှင့်ချီ စစ်သင်တန်းလာတက်၊ ရိက္ခာနှင့်လက်နက်ဝယ်ရန် အလှူရှင်များ လိုအပ်နေ
DVB
·
September 21, 2021
PRA စခန်းတွင် ပြည်သူရာနှင့်ချီ စစ်သင်တန်းလာတက်၊ ရိက္ခာနှင့်လက်နက်ဝယ်ရန် အလှူရှင်များ လိုအပ်နေ
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်‌နေတဲ့ စစ်ကိုင်းတိုင်းအတွင်းတစ်နေရာက ပြည်သူ့တော်လှန်ရေးတပ်မတော် PRA စခန်းမှာ ပြည်သူ ရာနဲ့ချီ သင်တန်း လာတက်နေတာကြောင့် ရိက္ခာနဲ့ လက်နက်ဝယ်ဖို့ အလှူရှင်တွေ လိုအပ်နေတယ်လို့ PRA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဂျပန်ကြီးက ပြောပါတယ်။

“ကျနော်တို့ PRA တပ်မတော်အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဆင်နွှဲနိုင်ဖို့ အာဏာရှင်ကို တော်လှန်မယ်ဆိုတဲ့သူတွေကို အခကြေးငွေမယူဘဲ သင်တန်းပေးနေတယ်။ အခုအကြိမ်နဲ့ဆိုရင် အမှတ်စဉ် ၈ ထိ ရောက်နေပြီ။ အရင်အပတ်တွေက သင်တန်းသားတွေက အစစအရာရာ ကျနော်တို့ PRA အဖွဲ့က တာဝန်ယူခဲ့တာဆိုတော့ အဆင်ပြေတယ်ဗျ။ အခုဟာက သင်တန်းအပတ်စဉ် အရေအတွက်များလာတော့ ငွေကြေးအခက်အခဲ အတော်လေး လိုအပ်လာတယ်ပေါ့ဗျာ။ အခုသင်တန်းအပတ်စဉ် ၈ က လူဦးရေ ပိုများလာသလို ထူခြားတာက အမျိုးသမီးသင်တန်းသားတွေပါ တက်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ဗျာ ဒီအာဏာသိမ်း စစ်ခွေးတွေရဲ့ လုပ်ရပ်ကို ပိုပြီးမုန်တီးလာလို့ပဲ ပြောရမယ်ပေါ့။” 

PRA တပ်မတော်အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်း NUG အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ PRA အမှတ်စဉ် ၈ သင်တန်းမှာ ကျား ၁၅၅၊ မ ၅၁ ယောက် စုစုပေါင်း ၂၀၆ ယောက်၊ စခန်းတခုလုံးမှာ စုစုပေါင်း လူအင်အား ၁၀၀၀ ကျော်ရှိနေတယ်လို့ PRA တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

စခန်းမှာ ရက်ရှည်သက်တန်းတွေ ပေးနေပြီး လူအင်အား များလာတာကြောင့်  စစ်အာဏာရှင် တိုက်ထုတ်ဖို့အတွက် တက်နိုင်တဲ့ဘက်က အကူအညီများပေးကြဖို့၊ အကူအညီပေး လှူဒါန်းသူရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် ပြုလုပ်ပေးမှာဖြစ်ပြီး အလှူရှင်တွေအနေနဲ့ PRA ရဲ့ page  Messenger ကနေ တိုက်ရိုက်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013