DVB Logo
Home
မြန်မာသတင်း
ဆီစျေးတက်ပြီး စစ်​ဆေး​ရေးဂိတ်များ ငွေတောင်းကြမ်း၍ အဝေးပြေးယာဥ်လိုင်းများ အခက်တွေ့
DVB
·
September 21, 2021
ဆီစျေးတက်ပြီး စစ်​ဆေး​ရေးဂိတ်များ ငွေတောင်းကြမ်း၍ အဝေးပြေးယာဥ်လိုင်းများ အခက်တွေ့
Donate to DVB

ပြည်တွင်းစက်သုံးဆီစျေးနှုန်း တောက်လျှောက်မြင့်တက်နေပြီး လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာလည်း လမ်းကြေးမတရား တောင်းခံနေလို့ အဝေးပြေးယာဥ်လိုင်း​တွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိ ဒီဇယ်စျေးနှုန်းမှာ တစ်လီတာ ၁၃၀၀ လောက်ရှိပြီး ပြည်တွင်းစက်သုံးဆီ စျေးကွက်သမိုင်းတလျှောက် အမြင့်ဆုံးနှုန်းထားရောက်ရှိနေတာပါ။ 

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအကြောင်းပြထားရှိတဲ့ လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေက တောင်းခံနေတဲ့ တရားမဝင်ငွေကြေးကိုလည်း အဝေးပြေးယာဥ်တွေ ပေးနေကြရပါတယ်။ 

အမည်မဖော်လိုတဲ့ အဝေးပြေးယာဥ်လိုင်း ပိုင်ရှင်တစ်ဦးက “သူတို့ရစ်ပြီး ပြဿနာရှာတာ မခံရအောင် တောင်းသလောက်ပေးနေရပြီး၊ တဂိတ်နဲ့ တဂိတ်တော့ တောင်းတဲ့ ပမာဏမတူဘဲ၊ အနည်းဆုံး တဂိတ် တစ်သောင်းလောက်တော့ ပေးရတယ်" လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ခရီးသွားနည်းပါးနေတာကြောင့် အဝေးပြေးယာဥ်တွေဟာ ကုန်ကိုပဲ အဓိကထား သယ်ယူပြေးဆွဲနေရတာ ဖြစ်ပါတယ်။ 

အဲဒီလို ကုန်ကျစရိတ်တွေ များလာတာကြောင့် ယာဥ်လိုင်းအချို့ ပြေးဆွဲမှု ရပ်နားထားရသလို အချို့ဂိတ်တွေမှာ ကားစီးရေလျှော့ချပြေးဆွဲနေရတယ်လို့ ယာဥ်လိုင်းပိုင်ရှင်တွေက ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း နေ့စဥ် အဝေးပြေးယာဥ်လိုင်း ၉၀ လောက်က ကားစီးရေ ၁၅၀ လောက် ပြေးဆွဲနေပြီး ခရီးသည် ၁၀၀၀ လောက်သာ စီးနင်းမှုရှိနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013