DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှု အတွေးအခေါ်နှင့်လုပ်ဆောင်မှုများ တားဆီးကာကွယ်ကြရန် ကေအန်ယူတိုက်တွန်း
DVB
·
September 21, 2021
အကြမ်းဖက်မှု အတွေးအခေါ်နှင့်လုပ်ဆောင်မှုများ တားဆီးကာကွယ်ကြရန် ကေအန်ယူတိုက်တွန်း
Donate to DVB

အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်မှုတွေကို တားဆီး၊ ကာကွယ်ခြင်းနဲ့ ပပျောက်စေခြင်းအတွက်  အားထုတ်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ကရင်အ မျိုးသားအစည်းအရုံး (ကေအန်ယူ)က အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ပေးပိုတဲ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ သမိုင်းတလျှောက် မလုံခြုံမှုတွေ၊  စိုးရိမ်ကြောင်းကြမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ညှဉ်းဆဲသတ်ဖြတ်မှုတွေနဲ့ ငြိမ်းချမ်းမှုအတွက် အတားဆီးတွေကို ဖြစ်ပေါ်စေတဲ့ တွေးခေါ်မှု နဲ့ အပြုအမှုတွေကို ကြုံတွေ့ နေရပါတယ်။

ဒီလို တွေးခေါ်မှုတွေနဲ့ အပြုအမှုတွေတွေကို မဆုံးမသတ်နိုင်ပါက ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာ ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့  အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်မှုတွေကနေ တားဆီး၊ ကာကွယ်ခြင်းနဲ့  ပပျောက်စေခြင်းအတွက် အားထုတ်လုပ်ဆောင်ရမှာဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ကမ္ဘာ့လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊ ကျောင်းနဲ့အသက်မွေးဝမ်းကျောင်းတွေကို အကာကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ မျိုးဆက်သစ်လူငယ်တွေ ပူးပေါင်းပါဝင်မှုလည်း အထူးလိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့လူသားတွေအတွက် မလုံခြုံမှုနဲ့ မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အတွေးအခေါ်တွေနဲ့ ယဉ်ကျေးမှုတွေကို ချုပ်ငြိမ်းရေး အားထုတ်ကြရမယ်လို့ ဖော်ပြပါတယ်။

ကေအန်ယူအနေနဲ့ စတင်တည်ထောင်ခဲ့တဲ့ အဓိကရည်ရွယ်ချက်မှာ ပြည်သူလူထုရဲ့ ရပ်ရွာ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ အသက်မွေးဝမ်းကြောင်းမှုကို အကာကွယ်ပေးဖို့ဖြစ်ပြီး အကာကွယ်ပေးရေးလုပ်ငန်းဟာလည်း အမှန်လိုအပ်နေပါတယ်။

မိမိတို့ရဲ့ အသက်ရှင်သန်မှုနဲ့ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးတဟာ ကမ္ဘာ့လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်သလို ပြည်သူလူအတွက် ရသင့်ရတိုက်တဲ့ အခွင့်အရေးတွေ၊ တန်းတူညီတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး မူဝါဒ လမ်းစဉ်အတိုင်း ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းသွားမယ်လို့လည်း  သဝဏ်လွှာမှာ ပါရှိပါတယ်။

လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ရှင်သန်မှု အသက်မွေးဝမ်းကြောင်းမှုနဲ့ လုံခြုံမှုအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနဲ့ဆို လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013