DVB Logo
Home
နိုင်ငံတကာ
တူရကီ၊ ဆော်ဒီနှင့် ပါကစ္စတန် ကာကွယ်ရေးမဟာမိတ်ဖွဲ့မှု ထရမ့်ပ်က ချီးကျူးဂုဏ်ပြု
DVB
·
August 17, 2026
Photo: Murat Cetinmuhurdar/Turkish Presidential Press Office/Handout via REUTERS
Photo: Murat Cetinmuhurdar/Turkish Presidential Press Office/Handout via REUTERS
Donate to DVB

တူရကီ၊ ဆော်ဒီအာရေဗျနဲ့ ပါကစ္စတန်တို့အကြား မက္ကာပူးတွဲကာကွယ်ရေးသဘောတူညီချက်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က သြဂုတ် ၁၆ ရက်မှာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 

တူရကီ၊ ဆော်ဒီအာရေဗျနဲ့ ပါကစ္စတန်တို့ဟာ အခုလအစောပိုင်းမှာ ဒေသတွင်းအင်အားကြီးနိုင်ငံတွေကြား စစ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။ 

သဘောတူညီချက်အရ အကြီးတန်းဝန်ကြီးတွေကို စုစည်းပြီး ပူးတွဲစစ်ရေး လေ့ကျင့်ရင်း ကာကွယ်ရေးလုပ်ငန်းတွေကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ 

ပင်လယ်ကွေ့ရေနံ တင်ပို့သူတွေအပေါ် အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်လို့ ဒေသတွင်း မီးလောင်မှုကြောင့် အမေရိကန်ရဲ့ ဆွန်နီ မွတ်စလင်မဟာမိတ်သုံးနိုင်ငံက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

ဒါကြောင့် သူတို့ ၃ နိုင်ငံဟာ သြဂုတ် ၇ ရက်နေ့မှာ “မက္ကာပူးတွဲကာကွယ်ရေး သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ 

အဲဒီသဘောတူညီချက်ထဲမှာ ဘယ်အဖွဲ့ဝင်ကိုမဆို လက်နက်ကိုင်တိုက်ခိုက်မှုကို NATO ရဲ့ အပိုဒ် ၅ စုပေါင်းကာကွယ်ရေးအပိုဒ်နဲ့ ဆင်တူအဖြစ် အားလုံးကို တိုက်ခိုက်မှုဆိုပြီး သတ်မှတ်မယ်လို့ ပြဋ္ဌာန်းထားတဲ့အကြောင်း သူတို့က ပြောခဲ့ကြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013