DVB Logo
Home
မြန်မာသတင်း
NUG အစိုးရ၏လုပ်ရပ်များကို မနှစ်သက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းမရှိဟု ရှေ့နေပြော
DVB
·
September 20, 2021
NUG အစိုးရ၏လုပ်ရပ်များကို မနှစ်သက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းမရှိဟု ရှေ့နေပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းမရှိတဲ့အကြောင်း  သူ့ရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။

NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်သက်ကြောင်းနဲ့ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းစာဖြတ်ပိုင်းပုံစံနဲ့ ပျံ့နှံ့နေတာဖြစ်ပါတယ်။  

ဒါ့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက  “ လိုင်းပေါ်မှာလေ ဦးထွန်းထွန်းဦး(နေပြည်တော်)ဆိုပြီးတော့မှ ဘာတက်နေလည်းဆို အဲဒါလေးကို အမေကို ပြောဖြစ်တယ်။ အမေက အဲဒါက သူလည်းမပြောခဲ့ဘူးပေါ့၊ ကျမတို့(ရှေ့နေ)ကိုလည်း မပြောခဲ့ဘူးလေ။ ကျမတို့ထဲကလည်း ဘယ်သူမှ ပြောခဲ့တာမရှိဘူး။ CRPH တို့ NUG တို့ကို အမေက လက်မခံပါဘူးဆိုပြီးတော့မှာ တက်နေတာ။ သတင်းအနေနဲ့လည်း မဟုတ်ဘူး။ သတင်းစာဖြတ်ပိုင်းလေးပုံစံနဲ့။ နိုင်ငံခြားကနေတောင် လှမ်းမေးတယ် အဲဥစ္စာကို။ ရှေ့နေတွေကိုလည်း သူ မပြောခဲ့သလို ကျမတို့ရှေ့နေတွေကလည်း ဘယ်မီဒီယာကိုမှ မပြောခဲ့ဘူး။ ” လို့ ပြောပါတယ်။

သတင်းစာဖြတ်ပိုင်းထဲမှာ စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထွန်းထွန်းဦး၊ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NUG၊ CRPH နဲ့ PDF တို့ရဲ့ လက်နက်ကိုင်လမ်းစဉ်တွေကို သူမ မသိရှိခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာနဲ့ နိုင်ငံပိုင်အဆောက်အဦးတွေ၊ လမ်းတံတားတွေကို မိုင်းထောင်ဖျက်ဆီးတာတွေဟာ ဖြေရှင်းပုံနည်းလမ်း မမှန်ကန် ကြောင်း၊ သူမ မသိပဲ အခုလို လက်နက်ကိုင်လမ်းစဉ် လုပ်ဆောင်တဲ့အပေါ်များစွာအံ့သြဝမ်းနည်းရပြီး ငြိမ်းချမ်း စွာဖြေရှင်းလိုတဲ့ သူမကို စော်ကားတာဖြစ်ကြောင်း၊ ပြည်သူလူထုအနေနဲ့ အကြမ်းဖက်မှုတွေကို အားမပေးဖို့ ပြောလိုကြောင်း သူမရဲ့ ရှေ့နေတွေကတဆင့် ပြည်သူလူထုကို အမှာစကားပါးဆိုပြီး ရေးသားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013