DVB Logo
Home
မြန်မာသတင်း
KNDO တပ်ရင်း ၁ နယ်မြေတွင် ရက် ၂၀ အတွင်း တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွား
DVB
·
September 20, 2021
KNDO တပ်ရင်း ၁ နယ်မြေတွင် ရက် ၂၀ အတွင်း တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွား
Donate to DVB

ကရင်အမျိုးသားအစည်း (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၁ နယ်မြေအတွင်းမှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ  အာဏာသိမ်းစစ်ကောင်စီနဲ့ KNDO တပ်တွေအကြား တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၄၅ ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက် ၃၅ ဦးသေဆုံးကာ ၅၁ ဒဏ်ရာရရှိခဲ့ကြောင်း ကေအန်ယူ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် သံလွင်မြစ်ကမ်းနားရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျရှုံးသွားတဲ့ တပ်စခန်းကို စစ်ကောင်စီဘက် ပြန်လည်တိုက်ယူဖို့ စစ်ရေးလှုပ်ရှားမှုတွေ ပြုနေတယ်လို့ ဆိုပါတယ်။ 

KNDO တပ်ရင်း ၁ ဟာ ဖာပွန်ခရိုင်ဒေသမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013