DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က တတိယအကြိမ် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချ
DVB
·
September 20, 2021
ဗဟိုဘဏ်က တတိယအကြိမ် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချ
Donate to DVB

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်းကို လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်း ၁၇၅၀ ကျပ် သတ်မှတ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ ထပ်မံထုတ်ရောင်းချခဲ့ပါတယ်။

အခုစက်တင်ဘာလအတွင်း တတိယအကြိမ်အဖြစ် ရောင်းချတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ကန်ဒေါ်လာ ၁၅ သန်း၊ ၁၅ ရက်နေ့မှာ ကန်ဒေါ်လာ ၈ သန်း နဲ့ စုစုပေါင်း သုံးကြိမ်ထုတ်ရောင်းချပြီး ဖြစ်ပါတယ်။ 

သုံးကြိမ်လုံးမှာ လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်းကို ၁၇၅၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့် အခုလအတွင်း ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေရောင်းချမူက ကန်ဒေါ်လာ ၃၈ သန်းခန့် ရှိနေပြီဖြစ်ပါတယ်။

လတ်တလော ပြင်ပငွေလဲကောင်တာ စျေးကွက်မှာတော့ ကန်ဒေါ်လာ ငွေလဲနှုန်းက ၂၀၁၀ ကျပ် ဝန်းကျင်း စျေးနှုန်း ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013