DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲ KNDF ၁ ဦးကျဆုံး၊ ၄ ဦး ပျောက်ဆုံးနေ
DVB
·
September 20, 2021
ဒီးမော့ဆိုတိုက်ပွဲ KNDF ၁ ဦးကျဆုံး၊ ၄ ဦး ပျောက်ဆုံးနေ
1 / 3
Donate to DVB

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၀ ရက် ဒီကနေ့ နေ့လည်ပိုင်းက  စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့လို KNDF တပ်ဖွဲ့ဝင် တဦးကျဆုံးပြီး ၄ ဦး ပျောက်ဆုံးနေပါတယ်။ 

ဒီးမော့ဆိုမြို့နယ်  ၆ မိုင်ကျေးရွာအနီးမှာ အရပ်သားအဝတ်နဲ့ စစ်ကောင်စီတပ်က  ကားနဲ့လာနေတဲ့ KNDF တပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။ 

“ဖြစ်တာကတော့ ၆ မိုင်မှာပဲဖြစ်တယ်။ KNDF က သူတို့ ကားတစီးနဲ့တက်လာတယ်၊ စကစဘက်က  သူတို့ အရပ်ဝတ်နဲ့ အိမ်ထဲမှာ နေရာယူထားပြီးသားဆိုတော့ အဲမှာ အနီးကပ် သူတို့ ပစ်ကြတာပေါ့လေ။ စကစကတော့ သူတို့ကို အရင်ပစ်လို့ အဲဒါ KNDF ဘက်က တယောက်ကျတယ်။ အမျိုးသမီးအပါဝင် ၃ ဦးကကျတော့ ပျောက်နေတုန်းပဲ။”

ဒီတိုက်ပွဲကြောင့်  ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာထဲအထိ လက်နက်ကြီးကျတဲ့အတွက်  ပြည်သူတစ်ဦး ခြေထောက်မှာ လက်နက်ကြီး အစထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒီးမော့ဆိုမြို့နယ်မှာ အခု ရက်ဆက်သလို တိုက်ပွဲတွေဖြစ်ပွားနေပြီး KNDF နဲ့ KA တပ်ဖွဲ့ဝင်တွေ ကျဆုံးနေသလိုပဲ ဒေသခံပြည်သူတွေ ဖမ်းဆီးခံနေကြရပါတယ်။ 

တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာအတော်များများ တကျော့ပြန် တောတောင်တွေထဲ ထွက်ပြေးတိမ်း ရှောင်နေကြရသလို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း  စစ်ရှောင်ဒုက္ခသည်တွေဆီကို အကူအညီပေးနိုင်ရေး အခက်အခဲများစွာနဲ့ ကူညီနေကြရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့  စက်တင်ဘာ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် ကရင်နီ(ကယား) ပြည်နယ်မှာ သေဆုံးသူ ၉၃ ဦးရှိခဲ့ပြီး  ဖမ်းဆီးခံရသူ ၁၃၉  ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။ 

သေဆုံးသူ  ၉၃  ဦးအနက် သပိတ်အတွင်းသေဆုံးသူ  ၂  ဦး၊ စစ်တပ်က အရပ်သားတွေကို  ပစ်သတ်လို့ သေဆုံးသူ ၇၁ ဦး၊ စစ်ရှောင်စဥ်သေဆုံးသူ ၅  ဦး နဲ့  PDFနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံးသူ  ၁၆  ဦး ပါဝင်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013