DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည်ဟု ဆီကုန်သည်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်
DVB
·
September 20, 2021
စားအုန်းဆီ ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည်ဟု ဆီကုန်သည်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်
Donate to DVB

စားအုန်းဆီ သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စက်တင်ဘာ ၂၀ ရက် ဒီကနေ့  ထုတ်ပြန်ပါတယ်။

မြန်မာငွေတန်ဖိုးထိုးကျပြီး နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေတာကြောင့် စားသုံးဆီဈေးနှုန်း အဆမတန်လိုက်ပါမြင့်တက်ခြင်း မရှိ အောင် ဗဟိုဘဏ်က စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားငွေ တိုက်ရိုက်ရောင်းချပေးခဲ့တဲ့အတွက် အဆိုပါ နိုင်ငံခြားငွေနဲ့ ညီမျှတဲ့ စားအုန်းဆီတွေကိုသာ လက်ကားဈေး တစ်ပိဿာ ၃၇၀၀ ကျပ်နှုန်းနဲ့ အသင်းကနေ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသင်းကနေ ရောင်းချပေးမယ့် ဒီစားအုန်းဆီတွေကို လက်လီ၊ လက်ကား ပြန်လည်ရောင်းချသူတွေက အကျိုးအမြတ် ၂ ရာခိုင်နှုန်းထက်မပိုဘဲ စားသုံးသူပြည်သူကို  ပြန်လည်ရောင်းချရမယ်လို့ ဆိုပါတယ်။

လတ်တလော မြန်မာကျပ်ငွေ တန်ဖိုးကျပြီး နိုင်ငံခြားငွေလဲနှုန်းမြင့်တက်နေတာကြောင့် အပါအဝင် ပြည်ပကနေ တင်သွင်းရာမှာ ကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် စားသုံးဆီဈေးနှုန်းတွေ  အဆမတန် မြင့်တက်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင် ဇန်နဝါရီလကဖြစ်ခဲ့တဲ့ စားအုန်းဆီဈေးနှုန်းဟာ လက်ကားဈေး တစ်ပိဿာကို ကျပ် ၂၃၀၀ ကျော်ဝန်းကျင် ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံခြားငွေလဲနှုန်းနဲ့အတူ တရိပ်ရိပ်မြင့်တက်ခဲ့ရာမှာ လတ်တလော စားအုန်းဆီဈေးနှုန်းက လက်ကားဈေး တစ်ပိဿာကို ကျပ် ၄၀၀၀ အထက်ကို စံချိန်တင် ရောက်ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီး ၈ လဝန်းကျင်အကြာမှာ ရာခိုင်နှုန်းအနေနဲ့ ၇၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကတော့ ဈေးကွက်အတွင်း စားသုံးဆီ ပြတ်လပ်မှုမရှိဖို့၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်ဖို့နဲ့ စားသုံးသူတွေ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိစေဖို့တို့အတွက် စီမံဆောင်ရွက်ပေးနေတယ်လို့  ဆိုထားပါတယ်။

ပြည်တွင်းမှာ ဆီစားသုံးမှုပမာဏက တစ်နှစ် ကိုတန်ချိန် ၁၀ သိန်းကျော် အထိရှိပါတယ်။ ဆီထုတ်လုပ်နိုင်တဲ့ ပမာဏက တန်ချိန် ၄ သိန်းလောက်သာ ရှိတဲ့အတွက် ပြည်တွင်း လိုအပ်ချက်အတွက် နှစ်စဉ် တန်ချိန် ၇ သိန်းကနေ ၈ သိန်းဝန်းကျင် ပြည်ပကနေ  ဝယ်ယူတင်သွင်းနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013