
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အက်စတွန်ဗီလာအသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကို ၄ ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ပထမအကျော့မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးထားပေမဲ့ ဒီနေ့ ဒုတိယကျော့ ပွဲမှာတော့ အိုလီဝပ်ကင်းနဲ့ ဘွန်ဒီယာတို့က ၁ ဂိုးစီသွင်းခဲ့သလို မက်ဂင်န်းက ၂ ဂိုးသွင်းခဲ့ပြီး ဗီလာတို့ ၄ ဂိုးပြတ် အနိုင်ရခဲ့တာပါ။
ဗီလာအသင်းဟာ မေ ၂၀ ရက် အစ္စတန်ဘူလ်မြို့မှာ ကျင်းပမဲ့ ဗိုလ်လုပွဲမှာ ဂျာမန်ကလပ် ဖရိုင်းဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ သူ့ရဲ့ ၅ ကြိမ်မြောက် ယူရိုပါလိဂ်ဖလားကို ပစ်မှတ်ထားနေပြီး၊ အက်စတွန်ဗီလာအတွက်လည်း ၁၉၉၆ နောက်ပိုင်း ပထမဆုံး ဆုဖလားရနိုင်မဲ့ အခွင့်အရေးပါ။
တကယ်လို့ ဗီလာသာချန်ပီယံဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၅ ရခဲ့ရင်၊ အဆင့် ၆ နေရာက အသင်းပါ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။










