DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ် ကျေးရွာတချို့တွင် ရေကြီးရေလျှံ၊ အိမ်ထောင်စု ၁၀၀ ခန့် ဘေးလွတ်ရာရွှေ့
DVB
·
September 19, 2021
ဂန့်ဂေါမြို့နယ် ကျေးရွာတချို့တွင် ရေကြီးရေလျှံ၊ အိမ်ထောင်စု ၁၀၀ ခန့် ဘေးလွတ်ရာရွှေ့
1 / 6
Donate to DVB

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ အဆက်မပြတ်ရွာသွန်းခဲ့တဲ့မိုးကြောင့် ကျေးရွာတချို့မှာ ရေကြီးရေလျှံလို့ ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ခင်ရန်းဆည်က မြောင်းရေနဲ့ ရွှေဘိုရွာ တောင်ဘက်ချောင်းက လာတဲ့ရေတွေကြောင့် ရေကြီးရေလျှံကာ ရွှေဘိုရွာနဲ့ လက်ပန်ရွာက အိမ်ထောင်စု ၁၀၀ နီးပါးလောက် ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဂန့်ဂေါဒေသခံ တစ်ယောက်က ပြောပါတယ်။

လက်ပံရွာမှာ ရေလျှံတဲ့နေ့ကဆိုရင် ရေကခါးလောက်ထိရောက်ပြီးတော့ အဲဒီရွာ ၂ ရွာအပြင် တစ်ခြားကျေးရွာတချို့လည်း မိုးဆက်တိုက်ရွာတာကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ တစ်သောင်းနီးပါးလောက် စစ်ဘေး၊ မီးဘေး တိမ်းရှောင်နေကြရသလို အခုလည်း ရာသီဥတုကြောင် ရေဘေးပါထပ်သင့်ကြရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၆၀ လောက်မီးလောင်ဆုံးရှုံးခဲ့ရပြီးတော့ မီးဘေးသင့်ပြည်သူတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013