DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် ဘက်ပေါင်းစုံတိုးတက်မှုမရှိခဲ့ဟု အကြမ်းဖက်စစ်ခေါင်းဆောင် ဝေဖန်
DVB
·
September 19, 2021
အန်အယ်လ်ဒီအစိုးရလက်ထက် ဘက်ပေါင်းစုံတိုးတက်မှုမရှိခဲ့ဟု အကြမ်းဖက်စစ်ခေါင်းဆောင် ဝေဖန်
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံမှာ ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ်ခဲ့ကြောင်း အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၈ ရက်မနက်က  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တိုင်းစစ်ဌာနချုပ် ဗလမင်းထင် ခန်းမမှာတွေ့ဆုံစဉ်  အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားတာပါ။ 

စစ်ခေါင်းဆောင်က “၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး ၅ နှစ်တာ သက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန် ပြောဆိုမှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ် ခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ရွေးခြယ်ထားသည့် အစိုးရ၏ လုပ်ဆောင်ချက် များအပေါ်တွင် အားမလိုအားမရဖြစ်ခဲ့ပြီး မျှော်မှန်းသကဲ့သို့ ဖြစ် မလာသည့်အတွက် ရွေးကောက်ပွဲအပေါ်စိတ်ပျက်လာပြီး မဲမပေးရေးလှုပ်ရှားမှု (No Vote) များဖြစ်ပေါ်လာခဲ့ သည်ကိုတွေ့ရှိရကြောင်း” ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ နိုင်ငံတော်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့  ကဏ္ဍပေါင်းစုံမှာ တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ပေမဲ့ စိန်ခေါ်မှုတွေနဲ့လည်း  ရင်ဆိုင်ခဲ့ရကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

တပ်မတော်သားမိသားစုတွေကို အဆင့်နဲ့လျော်ညီတဲ့  လစာ၊ ရိက္ခာနဲ့ ရပိုင်ခွင့်တွေကို လုပ်ဆောင်ပေးထားပြီး ဖြစ်လို့  မိမိဘဝတိုးတက်ရေးကို ထိခိုက်စေနိုင်တဲ့ အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို သုံးစွဲတာ၊ ဝင်ငွေ၊ ထွက်ငွေ မျှတအောင် သုံးစွဲနိုင်မှုမရှိခြင်းတို့ကို ကိုယ်ပိုင်အသိစိတ်မနဲ့ ဆင်ခြင်ထိန်းသိမ်း ဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်း သွားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013