DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် အချဉ်ပေါင်းသည် မတင်တင်အေး အပါအဝင် ပြည်သူ ၃ ဦး ဖမ်းဆီးခံရ
DVB
·
September 19, 2021
မုံရွာမြို့တွင် အချဉ်ပေါင်းသည် မတင်တင်အေး အပါအဝင် ပြည်သူ ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အချဉ်ပေါင်းသည် မတင်တင်အေး စက်တင်ဘာ ၁၈ ရက်က ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။

စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်မှ စစ်ကောင်စီတပ်တွေ မတင်တင်အေးရဲ့ညီမ အသီးရောင်းဆိုင်ရှေ့မှာ အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

အချဉ်ပေါင်းသည် မတင်တင်အေးဟာ အာဏာသိမ်းစစ်တပ်က သပိတ်စစ်ကြောင်းကို စတင်ဖြိုခွဲခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က ပြသာဒ်ကျောင်းအနီးမှာ ပထမအကြိမ် ဖမ်းဆီးခံရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ ညနေပိုင်းမှာ မုံရွာမြို့ ဒေါင်းကျောင်းရှေ့ ပန်းရောင်းတဲ့ ဈေးသည် လင်မယား နှစ်ဦး အပါအဝင် အချဉ်ပေါင်းသည် မတင်တင်အေးတို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013