အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်း အတော်များများမှာ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် ရေရှားပါးမှုနဲ့ ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီနဲ့ နိုင်ငံမြောက်ပိုင်းရဲ့ အစိတ်အပိုင်း အတော်များများမှာ မေ ၂၂ ရက်ကနေ ၂၇ ရက်အတွင်း ပြင်းထန်တဲ့ အပူလှိုင်းအခြေအနေတွေနဲ့ ရင်ဆိုင်ရမယ်လို့ အိန္ဒိယမိုးလေဝသရုံးက သောကြာနေ့မှာ ပြောပါတယ်။
စနေနေ့မှာ လူအများအပြားဟာ ရေသယ်ယာဉ်တွေကနေရေရဖို့ မြို့တော်မှာ လူတန်းရှည်ကြီးအဖြစ် တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။
ဒေလီမြို့တော်က အစိုးရပိုင်ဆေးရုံတခုမှာ အပူရှပ်လူနာ ၂ ယောက်ကို တင်ထားရပြီး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
အမြင့်ဆုံးအပူချိန်ဟာ မြေပြန့်ဒေသတွေမှာ ၄၀ ဒီဂရီစင်တီဂရိတ်ထက်မနည်း ရှိခဲ့ပြီး တောင်ကုန်းဒေသတွေမှာ ၃၀ ဒီဂရီစင်တီဂရိတ် ရှိခဲ့လို့ ပုံမှန်ထက် ၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားနေတဲ့ အပူလှိုင်းဖြစ်တယ်လို့ အိန္ဒိယမိုးလေဝသဌာနက ကြေညာထားပါတယ်။
Source: Reuters











