DVB Logo
Home
မြန်မာသတင်း
ပေါက်ကွဲမှုဖြစ်ခဲ့သည့် ခရမ်းမြို့တွင် လုံခြုံရေးအင်အားတိုး စစ်ဆေး
DVB
·
September 18, 2021
ပေါက်ကွဲမှုဖြစ်ခဲ့သည့် ခရမ်းမြို့တွင် လုံခြုံရေးအင်အားတိုး စစ်ဆေး
Donate to DVB

မနေ့ညက ရန်ကုန်တိုင်း ခရမ်းမြို့မှာ ပေါက်ကွဲ ပစ်ခတ်တာတွေ ဖြစ်ပြီးနောက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေ အင်အားတိုးလာပြီး စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက်ပိုင်းမှာ သုံးခွကနေ စစ်ကား ၂ စီးနဲ့ လူ ၃၀ ထပ်ရောက်လာတယ်။ မြို့အဝင်အထွက် အားလုံးကို စစ်နေတယ်။ အလယ်ရွာ စာသင်ကျောင်းမှာ တပ်စွဲလို့ ရွာသားတချို့လည်း ရှောင်နေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ခရမ်း-မောင်းမ-ဖားကူး-သပြေကုန်း-သန်လျင် စတဲ့ လမ်းကြီးတွေအပါအဝင် မြို့ဝင် မြို့ထွက်ကိုလည်း ပိတ်ဆို့ထားပြီး နှာခေါင်းစည်းစစ်တာ၊ လက်ကိုင်ဖုန်းစစ်တာတွေ လုပ်သလို ကားတွေကိုလည်း စစ်ဆေးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခရမ်းချောင်းလမ်းအတိုင်း စက်လှေတွေနဲ့ ရွာတွေဘက်ကို သွားတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညက ခရမ်းမြို့ အားကစားရုံမှာ ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ခရမ်း ပြည်သူ့ကာကွယ်ရေးတပ်တို့ ပစ်ခတ်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

PDF ဘက်က ကျဆုံးသူ ၃ ယောက်ရှိတယ်လို့ သိရပြီး ဒီထဲက တယောက်ဟာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက CDM ဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013