DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် ကဒက်ငယ်ထိန်ကျေးရွာတွင် လူငယ် ၁ ဦး ပစ်သတ်ခံရ
DVB
·
September 18, 2021
လောင်းလုံးမြို့နယ် ကဒက်ငယ်ထိန်ကျေးရွာတွင် လူငယ် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

တနင်္ဿာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာမှာ မနေ့ညနေ ၆ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်‌ ၁၅ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံးခဲ့တယ်လို့   ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ရွာခံတစ်ဦးက “ပစ်တာကတော့ ညနေ ၆ နာရီကျော်လောက် ဖြစ်မယ်၊ စစ်သားတွေက ဘုန်းကြီးကျောင်း တောင်ကုန်းပေါ်မှာ အဆင်သင့်နေရာယူထားတာ၊ ကဒက်ငယ်ထိန်မှာက ညနေ ၆ နာရီကျော်ရင် အပြင်မထွက်နဲ့လို့ပြောထားတယ်။ သူက ၆ နာရီကျော်မှ လမ်းပေါ်ထွက်လာတော့ စစ်သားတွေက လှမ်းခေါ်တာ၊ အဲဒီလိုခေါ်တော့ ထွက်ပြေးတာဖြစ်မယ်၊ အဲဒါနဲ့ ပစ်လိုက်တာ” လို့ အတည်ပြုပြောကြားပါတယ်။

လက်ရှိအချိန်ထိလည်း ကဒက်ငယ်ထိန်ကျေးရွာ ဘုန်းကြီးကျောင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အဆင်သင့်နေရာယူပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက အောက်ရေဖြူကျေးရွာအုပ်စုအပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေဖို့ လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းကလည်း အောက်ရေဖြူကျေးရွာအုပ်စုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် အပါအဝင် ဒေသခံပြည်သူ  ၁၂ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက အောက်ရေဖြူကျေးရွာ အဝင်/အထွက်နေရာတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကျေးရွာအတွင်း မလိုအပ်ဘဲ ​ဖြတ်သန်းသွားလာတာမလုပ်ဖို့နဲ့ ဖြတ်သန်းသွားလာရမယ်ဆိုပါက အထူးဂရုစိုက်ကြဖို့  ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013