DVB Logo
Home
မြန်မာသတင်း
မုံးကိုးနှင့်ပန်ဆိုင်းတွင် စစ်ကောင်စီတပ်များ အင်အားဖြည့်၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်
DVB
·
September 17, 2021
မုံးကိုးနှင့်ပန်ဆိုင်းတွင် စစ်ကောင်စီတပ်များ အင်အားဖြည့်၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်
Donate to DVB

မြန်မာ-တရုတ်နယ်စပ် ကြူကုတ်(ပန်ဆိုင်း)မြို့နဲ့ မုံးကိုးဘက်ကို စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၁၆ ရက်ညနေပိုင်းမှာ အင်အားဖြည့်တင်းလာနေတာကြောင့် တိုက်ပွဲပြင်းထန်လာမှာကို ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

 ဒေသခံတဦးက “ကြူကုတ် (ပန်ဆိုင်း) ဘောလုံးကွင်းမှာ စစ်ကားတွေ နားနေကြတယ်။ တင့်ကားတော့ စစ်တပ်ထဲမှာ။ စစ်ကားအစီး ၃၀ ကျော်။ ခု နောက်ထပ် Vego နဲ့ ၆ စီး။ Vego ထဲက စစ်သားတွေက အရက် အရမ်းမူးနေကြတယ်” လို့  ပြောပါတယ်။  

စစ်ကြောင်းမရောက်ခင် စက်တင်ဘာ ၁၆ ရက် မနက် ၁၀ နာရီလောက်ကတည်းက ကြူကုတ် (ပန်ဆိုင်း) မြို့ဘက်လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံက ပြောပါတယ်။

ကြူကုတ် (ပန်ဆိုင်း) မြို့ကနေ စစ်ကောက်စီတပ်တွေ ထွက်လာတာနဲ့ တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း၊ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ နှစ်ဘက် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေကြတယ်လို့ ကြူကုတ် (ပန်ဆိုင်း) အနီးကရွာမှာ နေထိုင်သူတဦးက ပြောပါတယ်။

မျက်မြင်တွေ့သူ နမ့်တောင်းဒေသခံက “စစ်ကား ၂၀ ကျော်၊ ခြေကျင် ၂၀၀ ကျော် နဲ့ တင့်ကား နှစ်စီးပါတယ်။ ညနေ ၄ နာရီက စဖြတ်လာတယ်။ တစ်သုတ်ပြီး တစ်သုတ် မိုးမချုပ်မီ သွားလိုက်ကြတယ်” လို့  ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်က စစ်ကြောင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်လောက်နဲ့အတူ ဒေသခံ တာမိုးညဲပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်၊ ကျင်းစန်းကျော့ပြည်သူ့စစ်အဖွဲ့တွေ ပါကြောင်းလည်း သိရပါတယ်။

မူဆယ် ဒေသခံတဦးက  “မနေ့ည ၁၀၅ မိုင်မှာ လာနားတဲ့သူတွေ မူဆယ် ဗိုလ်တဲကုန်းနဲ့ စုပေါင်းရုံးဘက် လာနားပြီး ဒီညနေ ၃ နာရီခွဲလောက်က ၁၀၅ မိုင်ဘက် ချက်ချင်း ပြန်လှည့်သွားပြီ။ တင့်ကား နှစ်စီးပါတယ်။ မနေ့က ၁၀၅ မိုင်မှာ ဝင်တဲ့ စစ်ကားက ၄၄ စီး” လို့ ပြောပါတယ်။ 

မုံးကိုးအနီးက နော့ဂူရွာမှာလည်း အင်အား ၅၀ လောက် ရွာထဲမှာ စခန်းချနေတာကြောင့် တိုက်ပွ်ဖြစ်လာမှာစိုးရိမ်ပြီး တိမ်းရှောင်ဖို့ပြင်ဆင်နေတဲ့ ရွာခံတွေအား တိမ်းရှောင်တဲ့လူတွေကို ပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။ 

၁၀၅ မိုင် အကျော်နားက နမ့်ဟွယ်ရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့က နေအိမ်တချို့ကို မွှေနှောက်စစ်ဆေးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  

ဇူလိုင် ၃ ရက်ကနေ စက်တင်ဘာ လဆန်းပိုင်းအထိ ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုး၊ ဖောင်းဆိုင်တို့ဘက်မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ဘက်က အကျအဆုံးများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် လက်နက်ကြီး ကျည်ထိမှန် သေဆုံးတဲ့ အရပ်သား ပြည်သူ ၆ ဦးရှိပြီး ဒေသခံပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013