DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင်တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄,၀၀၀ ကျော်၊ အကျဉ်းထောင်များမှ ၈၀၀ နီးပါး ပါဝင်
DVB
·
September 17, 2021
ထိုင်းတွင်တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄,၀၀၀ ကျော်၊ အကျဉ်းထောင်များမှ ၈၀၀ နီးပါး ပါဝင်
Donate to DVB

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်မှုအသစ် ၁၄,၅၅၅ ယောက်ရှိခဲ့ပြီး နိုင်ငံတဝန်း အကျဉ်းထောင်တွေက အယောက် ၇၉၀ ပါဝင်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအသစ်ကတော့ ၁၇၁ ယောက်ရှိခဲ့ပြီး ရောဂါ ပြန်လည်ပျောက်ကင်းလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁၃,၆၉၁ ယောက် ရှိနေခဲ့တာပါ။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းက တော့ ၁ ဒသမ ၄ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၅,၀၀၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် မလေးရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံကတော့ ကူးစက်မှုအမြင့်ဆုံးအမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၂၇ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၄ ဒသမ ၆၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာ လာသူပေါင်း ၂၀၄ ဒသမ ၄၄ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013