DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF ငွေကိုင်အမျိုးသမီးအပါအဝင် ကျဆုံးပြည်သူ ၁၁၀၀ ကျော် ရှိလာ
DVB
·
September 17, 2021
စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF ငွေကိုင်အမျိုးသမီးအပါအဝင် ကျဆုံးပြည်သူ ၁၁၀၀ ကျော် ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ် တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၀၀ ကျော် ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၂၂၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၅၇၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ စစ်သားတွေ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ကိုဇင်မင်းဦးဟာ စက်တင်ဘာ ၁၅ ရက်ည ၁၁ နာရီမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ 

စက်တင်ဘာ ၂ ရက်နေ့၊ ည ၈ နာရီ လောက်မှာ ရွှေဘိုစက်မှုဇုန်ကပြန်လာတဲ့ ကိုဇင်မင်းဦးအပါအဝင် ဒေသခံ ၅ ယောက်ကို စစ်သားတွေက ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

ရိုက်နှက်ခံခဲ့ရတဲ့ ဒေသခံ ၅ ယောက်ထဲမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူတွေဖြစ်ကြတဲ့ ကိုဇင်မင်းဦး၊ ကိုနိုင်မျိုးနဲ့ ကိုဥက္ကာတို့ ၃ ယောက်ကို ညတွင်းချင်းဆေးရုံပို့ဆောင်ခဲ့ပေမယ့် ကို နိုင်မျိုးကတော့ ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးသွားခဲ့တယ်လို့  သိရှိရပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ ညအချိန်က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တောင်ဘက်ကျေးရွာထဲကို အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ အကြမ်းဖက်စစ်အုပ်စု တပ် ဖွဲ့ဝင် ၁၀ ယောက်က သေနတ်ပစ်ဖောက် ဝင်ရောက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့ငွေကိုင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒေါ်စန္ဒာဝင်းကို ငွေကျပ်သိန်း ၁၈၀ နဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒေါ်စန္ဒာဝင်းဟာ ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်ခံရပြီးချင်း အနီးကပ်ပစ်ခတ်ခံခဲ့ရတာကြောင့် နောက်စေ့ကို ကျည်ဆန်ထိမှန် ဦးခေါင်းပွင့်ထွက်ပြီး သေဆုံးရတာလို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013