DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ
DVB
·
September 16, 2021
မွန်ပြည်နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဥက္ကဋ္ဌ  ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးရန်ရှင်းဟာ  စက်တင်ဘာ ၁၆ ရက် ဒီ ညနေ ၄ နာရီလောက်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ကျိုက်ထိုမြို့မှာတော့ စစ်တပ်ထွက်ဖြစ်တဲ့ ဦးရန်ရှင်းကို စစ်ကောင်စီ သတင်းဒလန် တစ်ဦးလို့ လူသိများနေတာ ဖြစ်ပါတယ်။

ဦးရန်ရှင်းကို ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက် Golden Bliss Hotel အနီးမှာ အမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့ရပြီးနောက် ကျိုက်ထိုမြို့နယ်  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားတာ ဖြစ်ပါတယ်။

ဦးရန်ရှင်းသေဆုံးမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ကျိုက်ထို တော်လှန်ရေး အင်အားစု (KRF)က ထုတ်ပြန်လိုက်ပါတယ်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က သတင်းပေးဒလန် ဦးရန်ရှင်းဟာ တော်လှန်ရေးအင်အားစုတွေ အနှောင့်အယှက်ပေးနေလို့ သုတ်သင်ရတာလို့ ဆိုထားပါတယ်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)ကတော့ စစ်ကောင်စီ လက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေ ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP နဲ့  မိတ်ဖက် လုပ်ထားပြီး လူသိနည်းတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013