DVB Logo
Home
အားကစား
မန်စီးတီးအသင်း တန်းဆင်းရမည့်ပြစ်ဒဏ် ရင်ဆိုင်ရနိုင်
DVB
·
September 27, 2026
Photo: REUTERS/Phil Noble/File Photo
Photo: REUTERS/Phil Noble/File Photo
Donate to DVB

မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းချိုးဖောက်မှု ၁၁၄ မှုနဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး ပြစ်ဒဏ်အဖြစ် တန်းဆင်းရနိုင်ခြေ ရှိနေပါတယ်။

အသင်းရဲ့ ဘဏ္ဍာရေးအကြံပေးဟောင်း ဘိုးဆန်က မန်စီးတီးအနေနဲ့ အယူခံဝင်ရင်လည်း အနိုင်ရဖို့ မလွယ်ကူကြောင်း သတိပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၀၂ ကနေ ၂၀၀၇ အထိ မန်စီးတီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘိုးဆန်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းစေတာဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ ပြစ်ဒဏ်ထဲမှာ ပါဝင်နေတာပါလို့ ဆိုပါတယ်။ 

ဒါ့အပြင် အပြစ်ရှိကြောင်း တွေ့ရှိပါက အယူခံအောင်မြင်ဖို့ ခက်ခဲလိမ့်မယ်လို့လည်း သူက ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း စွဲချက် ၁၁၅ ချက်ထဲက အများစုမှာ အပြစ်ရှိတယ်လို့ စိစစ်တွေ့ရှိရကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီအခြေအနေကြောင့် မန်စီးတီးအသင်းဟာ ပြင်းထန်တဲ့ ရမှတ်လျှော့ဒဏ်၊ ရရှိထားတဲ့ ဆုဖလားတွေ ရုပ်သိမ်းခံရတာအပြင် ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် ပြစ်ဒဏ်တွေနဲ့ပါ ရင်ဆိုင်ရနိုင်တာ ဖြစ်ပါတယ်။

မန်စီးတီးကတော့ သတင်းတွေ စောစီးစွာ ပေါက်ကြားခဲ့တဲ့အပေါ် မကျေနပ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဘာအမှားမှ မလုပ်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။

အသင်းအနေနဲ့ ထွက်ပေါ်လာမဲ့ ပြစ်ဒဏ်တွေအတွက် တရားဝင် အယူခံဝင်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

အယူခံမှုကို ထိပ်တန်းရှေ့နေ လော့ဒ်ပန်းနစ်က ဦးဆောင်မှာဖြစ်ပြီး ဒီအမှု အပြီးသတ်ဖို့ အချိန်အတော်ကြာနိုင်သေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013