DVB Logo
Home
မြန်မာသတင်း
သတင်းထောက်ဟောင်း မသူဇာ စစ်ကြောရေးရောက်နေသည့်သတင်းထွက်ပေါ်ပြီးနောက် ပျောက်ဆုံးနေ
DVB
·
September 16, 2021
သတင်းထောက်ဟောင်း မသူဇာ စစ်ကြောရေးရောက်နေသည့်သတင်းထွက်ပေါ်ပြီးနောက် ပျောက်ဆုံးနေ
Donate to DVB

စက်တင်ဘာလ ၁ ရက်နေ့ကတည်းက  ပျောက်ဆုံးနေတဲ့ သတင်းထောက်ဟောင်း မသူဇာကို မိသားစုကဒီနေ့ထက်ထိ အဆက်အသွယ်မရတာကြောင့် ရှေ့နေနဲ့တိုင်ပင်ပြီး လူပျောက်ဆုံးတဲ့ ပုံစံမျိုးနဲ့ ဥပဒေကြောင်းအရ ဆက်လုပ်သွားမယ်လို့  မသူဇာရဲ့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

မသူဇာဟာ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ  ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး စစ်ကြောရေးထဲရောက်ရှိနေတယ်လို့ သတင်းတွေကြားပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ခင်ပွန်းဖြစ်သူကဆိုပါတယ်။

“မသူဇာဘယ်မှာရှိနေတယ်ဆိုတာ ခုချိန်ထိ အစအနကိုမသိရသေးပါဘူး။ စစ်ကြောရေးမှာလို့လည်း သတင်းကြားပေးမဲ့ အသေအချာမပြောနိုင်သေးဘူး။ ဘယ်နေရာမှာရှိမှန်းလည်း မသိရသေးဘူး။ ၁ ရက်နေ့ကတည်းက  သူနဲ့အဆက်အသွယ်မရတော့တာ ဒီနေ့ထိပါပဲ။ အခုစုံစမ်းနေတာ မထူးခြားဘူး ဆိုရင်တောင် ရှေ့နေနဲ့တိုင်ပင်ပြီး လူပျောက်ပုံစံမျိုးနဲ့ ဆက်သွားရမရ တိုင်ပင်ပြီးတော့ ဥပဒေကြောင်းအရပဲဆက်လုပ်သွားဖို့ရှိပါတယ်”လို့  မသူဇာရဲ့ခင်ပွန်းဖြစ်သူ ကိုရဲကိုက  ဒီဗွီဘီ ကိုပြောပါတယ်။

မသူဇာကို စစ်ကောင်စီက ပုဒ်မ  ၅၀၅ (က) နဲ့ ဝရမ်းထုတ်ထားတာဖြစ်ပြီး ပထမတစ်ခေါက်အိမ်ကို ဝင်ရောက်ရှာဖွေစဉ်  မသူဇာကို ဖမ်းမိခြင်းမရှိပဲ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါသေးတယ်။ 

အခုတော့ ခင်ပွန်းဖြစ်သူပြန်လည်လွတ်မြောက်လာပြီး မကြာခင်မှာပဲ မသူဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ သတင်းသမား ၉၀ ကျော်ထိရှိလာခဲ့ပြီး ဒီရက်ပိုင်းတွင်းမှာပဲ သတင်းသမားဟောင်းတွေကို လိုက်လံရှာဖွေဖမ်းဆီးမှုတွေ ပိုများလာနေ ပါတယ်။

မသူဇာဟာ မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ်တို့မှာ သတင်းထောက်အလုပ်လုပ်ခဲ့တဲ့ လုပ်သက် ၁၄ နှစ်နီးပါးရှိ ဝါရင့် သတင်းထောက်ဟောင်းတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013