DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားတွင် NUG အစိုးရ၊ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့ ဖွဲ့စည်း
DVB
·
September 16, 2021
တောင်ကိုရီးယားတွင် NUG အစိုးရ၊ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့ ဖွဲ့စည်း
Donate to DVB

နှစ်နိုင်ငံအရေး ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် NUG အစိုးရ၊ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့ကို တောင်ကိုရီးယားနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့ကို စက်တင်ဘာ ၁၄ ရက်နေ့စွဲနဲ့ ဖွဲ့စည်းကြောင်း NUG အစိုးရက ခန့်အပ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

အဲဒီရုံးအဖွဲ့မှာ တောင်ကိုရီးနိုင်ငံသားပညာရှင်တွေ၊ နိုင်ငံခြားရေး ကျွမ်းကျင်သူတွေ၊ တက္ကသိုလ် ပါမောက္ခတွေအပြင် မြန်မာနိုင်ငံသား ဒီမိုကရေစီအရေး တက်ကြွလူပ်ရှားသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး တစိုက်မတ်မတ်လုပ်နေသူတွေနဲ့ တိုင်းရင်းသားတွေ ပါဝင်တယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

ရုံးအဖွဲ့အနေနဲ့ NUG အစိုးရရဲ့ လမ်းညွှန်ချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ဖြစ်ပြီး သံခင်း၊ တမန်ခင်းကိစ္စတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်ဆီ ချပြပေးသွားဖို့ ရည်ရွယ်တယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။ 

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း တောင်ကိုရီးယားနိုင်ငံအစိုးရက အတိအလင်းထုတ်ပြောထားသလို NUG အစိုးရနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013