DVB Logo
Home
မြန်မာသတင်း
Channel Mandalay သတင်းဌာန သတင်းထောက်ချုပ်ကို ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်
DVB
·
September 16, 2021
Channel Mandalay သတင်းဌာန သတင်းထောက်ချုပ်ကို ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်
Donate to DVB

စဉ့်ကိုင်ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကို  ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်လိုက်ပြီလို့ သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေကပြောပါတယ်။ 

Channel Mandalay သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးနဲ့ သူ့ရဲ့ ဇနီးတို့ကို  စဉ့်ကိုင်ရဲစခန်းမှာ စစ်အုပ်စုက ဖမ်းဆီးထားတာ  စက်တင်ဘာ ၁၆ ရက် ဒီကနေ့ဆိုရင် သီတင်း နှစ်ပတ်ကျော်ရှိနေချိန်မှာ အခုလို အမှုဖွင့်လိုက်တာပါ။ 

“သူ့ကို ပုဒ်မ ၅၀၅ (က) တပ်လိုက်ပြီလို့ စခန်းကနေ သိရတယ်။ သူ့အမျိုးသမီးကို ပြန်လွှတ်ပေးမယ်လို့လည်း ကြားတယ်။ အခုထိတော့ စခန်းအချုပ်မှာပဲ။” လို့ ကိုဝင်းနိုင်ဦးရဲ့ မိတ်ဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့က စဉ့်ကိုင်မြို့နယ်ထဲက သရက်ခြံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက်ရှာဖွေရာကနေ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးနဲ့ သူ့ရဲ့ ဇနီးတို့ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးဟာ ၂၀၁၉ ခုနှစ် ကလည်း တပ်သိမ်းမြေကိစ္စနဲ့ ပတ်သက်လို့ သတင်းဖော်ပြတဲ့အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ  ၆၆ (ဃ) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013