DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ၇ လကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၄၅ သန်း ထုတ်ရောင်း
DVB
·
September 16, 2021
ဗဟိုဘဏ်က ၇ လကျော်အတွင်း အမေရိကန်ဒေါ်လာ  ၁၄၅ သန်း ထုတ်ရောင်း
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက် ၇ လကျော် ကာလအတွင်းမှာ  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ  အမေရိကန်ဒေါ်လာ   စုစုပေါင်း ၁၄၄ ဒသမ ၈ သန်း လောက် ထုတ်ရောင်းခဲ့ ပါတယ်။

အာဏာသိမ်းပြီး ၃ ရက်မြောက်နေ့မှာ ဒေါ်လာ ၆ ဒသမ ၈ သန်းကို ပျမ်းမျှ တစ်ဒေါ်လာလျှင် ကျပ်  ၁၃၈၂ ဒသမ ၆ နှုန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီနောက် ဧပြီလထဲမှာ ၆ သန်းစီ ၂ ကြိမ်ထုတ်ရောင်းခဲ့ပြီး  ၁၅၈၄ ဒသမ ၇ ကျပ်နဲ့ ၁၅၆၀ ဒသမ ၁ ကျပ်နှုန်းနဲ့ ဖြစ်ပါတယ်။

မေလထဲမှာတော့ ၆ ကြိမ်ထုတ် စုစုပေါင်း ဒေါ်လာ ၂၄ သန်း ရောင်းချခဲ့ပါတယ်။ ၅ ကြိမ်မှာ တဒေါ်လာကို ကျပ် ၁၆၅၀ ကနေ ၁၆၅၅  ဝန်းကျင်နဲ့ရောင်းချခဲ့ပြီး လကုန်ပိုင်း နောက်ဆုံးရောင်းတဲ့ ၃ သန်းကိုတော့ ၁၅၈၀ ကျပ်နှုန်းနဲ့ ရောင်းခဲ့ပါတယ်။

ဇွန်လမှာတော့ ၁၂ သန်းကို ၃ ကြိမ်ခွဲရောင်းချပြီး တစ်ဒေါ်လာကို ကျပ်  ၁၅၉၀ ကျပ်ကနေ ၁၅၉၅ ဝန်းကျင်ဖြစ်ပါတယ်။

ဇူလိုင်လမှာ ရက်ဆက်ဆိုသလို ထုတ်ရောင်းခဲ့တာကြောင့် ၁၂ ကြိမ်ရောင်းချပြီး စုစုပေါင်း ဒေါ်လာ ၃၉ သန်း ရောင်းချပါတယ်။ ဒီလမှာတော့ တဒေါ်လာကို ၁၆၂၅ ကျပ်နဲ့ အထက်ကို ရောက်လာပြီဖြစ်ပါတယ်။

ဩဂုတ်လထဲမှာ ၇ ကြိမ်ရောင်းချခဲ့ပြီး တရက်တည်း ဒေါ်လာ သိန်း ၁၀၀ ထုတ်ရောင်းတာကြောင့် ဒုတိယ ပမာဏ အများဆုံးရောင်းတာလည်း ဖြစ်ပါတယ်။ တလလုံးမှာတော့ ၂၈ သန်းရောင်းချပြီး တဒေါ်လာကို ကျပ်  ၁၆၅၀ လောက်ကနေ ၁၆၆၃ လောက်နဲ့ ရောင်းချခဲ့တာပါ။

အခု စက်တင်ဘာလမှာတော့ ၂ ကြိမ်ပဲ ထုတ်ရောင်းထားပေမဲ့ တကြိမ်တည်း ပမာဏအများဆုံးဖြစ်တဲ့ ၁၅ သန်းနဲ့ တတိယအများဆုံးဖြစ်တဲ့ ၈ သန်းကို ထုတ်ရောင်းထားပါတယ်။ 

စက်တင်ဘာ ၁၃ ရက်နေ့မှာ ၁၅ သန်းထုတ်ရောင်းပြီး ၁၅ ရက်နေ့မှာ ၈ သန်းထပ်ရောင်းတာကြောင့် ၂ ကြိမ်တည်းနဲ့ တခြားလတွေ တလလုံးရောင်းတာလောက်ကို ထုတ်ရောင်းထားတာပါ။ လေလံပျမ်းမျှနှုန်းကတော့ ၁၇၅၀ ကျပ်ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေဈေးနှုန်းတွေတက်ပြီး မြန်မာငွေတန်ဖိုး ထိုးကျလာခဲ့ကာ ၇ လ ကျော်အတွင်းမှာ ဗဟိုဘဏ်က ဒေါ်လာ သန်းပေါင်း ၁၄၄ ဒသမ ၈ သန်း ရောင်းချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013