Home
မြန်မာသတင်း
မိုးကုတ်တွင် Mytel တာဝါတိုင်အနီး စစ်တပ်က မြေမြှုပ်မိုင်းထောင် တပ်စွဲထား
DVB
·
September 15, 2021
241195941_831502164090483_6311297459220780808_n

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၅ ရက်က  အကြမ်းဖက်စစ်အုပ်စုက Mytel တာဝါတိုင်အနီးမှာ မြေမြှုပ်မိုင်းတွေထောင်ထားကာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တာဝါတိုင်နဲ့ နီးတဲ့နေအိမ်တွေဆီက ပြည်သူတွေနဲ့ ရေဘေးသင့်တာကြောင့် ဓမ္မာရုံမှာ လာရောက်နေထိုင်နေရသူတွေကိုလည်း ဖယ်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "Mytel တာဝါတိုင်တွေနား ခြံစည်းရိုးကို ရှော့တိုက်​ပြီး မြေမြုပ်မိုင်း ထောင်ထားပြီ။ အနီးအနားက လူတွေကိုလည်း ဖယ်ခိုင်းတယ်၊ သူတို့ဒီမှာ တပ်စွဲမယ်ဆိုပြီး အကုန် ဖယ်ခိုင်းတယ်" လို့ ပြောပါတယ်။

မိုးကုတ်မြို့ အောင်နန်းတောင်ပေါ်ကုန်း ဓမ္မာရုံမှာ နေထိုင်နေတဲ့ ရေဘေးသင့်ပြည်သူတွေကိုလည်း ဖယ်ခိုင်းနေတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ ဆိုပါတယ်။

"မိုးရေများလို့ တောင်ပေါ်အိမ်တွေပြိုတာ၊ ရေဘေးသင့်ပြည်သူတွေ၊ ဓမ္မာရုံမှာ လာနေကြတာ၊ သူတို့တာဝါတိုင်စောင့်မယ်ဆိုပြီး ​မောင်းထုတ်တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၄ ရက်က Mytel အပါအဝင် တခြား operator တွေ အင်တာနက်လိုင်းပြတ်တောက်ခဲ့ပါတယ်။

မိုးကုတ်မှာ စစ်အုပ်စုက စက်တင်ဘာ ၁၄ ရက်နေ့က အင်တာနက်ဖြတ်၊ မီးဖြတ်ပြီး လူငယ်တွေကို လိုက်လံ ဖမ်းဆီးတာတွေရှိတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024