DVB Logo
Home
မြန်မာသတင်း
မုံးကိုးတွင် ပရဟိတ ၂ ဦးနှင့် စစ်ရှောင် ၃၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
DVB
·
September 15, 2021
မုံးကိုးတွင် ပရဟိတ ၂ ဦးနှင့် စစ်ရှောင် ၃၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့မှာ ပရဟိတ ၂ ဦးနဲ့ စစ်ဘေးဒုက္ခသည် ၃၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတယ်လို့ စစ်ရှောင်စခန်းက တာဝန်ရှိတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ မနေ့က ပိုးစစ်ထားတဲ့ စာရင်း ဒီမနက်ရပြီ။ ဘုရားကျောင်းဝင်းမှာ ၂၄ ဦး ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ၁ ဦး၊ ဟို အရင်းတုန်းက MDA ဌာနချုပ်ရုံးမှာ ၂ ဦး ဒီ စစ်ဘေးဒုက္ခသည်တွေနေတဲ့ နေရာ သုံးနေရာက အဲလိုပိုး စစ်ဆေးတွေ့ရှိတယ်။ အခု ပိုး စစ်ဆေးတွေ့ရှိတဲ့ သူတွေကို အားလုံးကို ဆေးရုံ ပို့ထားလိုက်ပါပြီ” လို့ စစ်ဘေးဒုက္ခသည်တွေကို စီမံကွပ်ကဲနေသူ တာဝန်ရှိတစ်ဦးက ပြောပါတယ်။ 

စက်တင်ဘာ ၁၃ ရက်နေ့က ဖျားနာသူ ၆ ဦးကို ဆေးစစ်ကြည့်တော့ ၅ ဦးမှာ ပိုးတွေ့ရှိတာကြောင့် ထိစပ်သူ ၁၁ ဦးကို ပြန်လည်စစ်ဆေးရာမှာ နောက်ထပ် ၅ ဦး ထပ်တွေ့တာကြောင့် စုစုပေါင်း ၁၀ ဦးတွေ့ရှိခဲ့တာပါ။ စက်တင်ဘာ ၁၄ ရက်နေ့က စစ်ရှောင်စခန်းက အားလုံးကို ပြန်လည် စစ်ဆေးရာမှာ ၂၇ ဦး ရောဂါပိုး ပြန်လည် စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။ 

စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတတွေကိုပါ ပိုးစစ်ဆေးပေးရာမှာတော့ ၂ ဦး ပိုး တွေ့ရှိတယ်လို့ ထပ်မံရှင်းပြပါတယ်။

တရုတ်ဘက်မှာသွားစစ်တဲ့ ဆေးစစ်ခကတော့ အခမဲ့ဖြစ်ပေမယ့် မုံးကိုးဆေးပြည်သူ့မှာ ပြန်စစ်တဲ့ ဆေးစစ်ခ တစ်ယောက်ကို တရုတ်ငွေ ယွမ် ၁၀၀၊ လက်ရှိ ကာလပေါက်ဈေးနဲ့ ဆိုရင် သုံးသောင်း စွန်းစွန်း ကုန်ကျစရိတ်တွေ စစ်ရှောင်ဘက်က ကျခံရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ စစ်ရှောင်စခန်းက တာဝန်ရှိတစ်ဦးက ပြောပါတယ်။ 

မုံးကိုးမှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား ဩဂုတ် ၂၈ ရက်နေ့ က ကောင်းလုံအုပ်စုဘက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂၉ ရက်နေ့ကတည်းက ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စတဲ့ ရွာတွေက အရပ်သားပြည်သူတွေ ၇၀၀ ကျော် မုံးကိုးမြို့ပေါ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၊ လီဆူဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ ယာယီ ရှောင်တိမ်းကာ ခိုလှုံနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013